ချဉ်ရည်ဟင်း ချက်ဖြစ်တိုင်း ငရုတ်သီးဆားထောင်းလေးတော့ ပုံမှန်ထောင်းဖြစ်ပါတယ် ငရုတ်သီးဆားထောင်း ထောင်းတိုင်း ငရုတ်သီးစိမ်း ငရုတ်သီးအလှော်မှုန့် ငရုတ်သီးအခြောက် လုံးခြမ်းကွဲတို့ကို နည်းအမျိုးမျိုးနဲ့ ထောင်းစားတဲ့ အထဲက ဒီနေ့ထောင်းဖြစ်တဲ့ နည်းတစ်နည်းကို မျှဝေလိုက်ပါတယ်။
ဝင်ပစ္စည်းများ
- ငရုတ်သီးအခြောက် လုံးခြမ်းကွဲ- ထမင်းစားဇွန်း ၄ဇွန်းမောက်မောက်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၉မွှာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- ငရုတ်သီးမှုန့် ဆား အချိုမှုန့် တို့ပြင်ထားပါ
- အရင်ဆုံး ကြက်သွန်ဖြူကို ငရုတ်ဆုံထဲမှာထည့်ပြီး မညက်တစ်ညက် ထောင်းပေးပါ
- ပြီးတာနဲ့ ငရုတ်သီးမှုန့် အချိုမှုန့် ဆားတို့ထည့်ပြီး ၁၅ချက်လောက် ထောင်းပေးပါ
- ပန်းကန်တခုထဲပြောင်းပြီး ငရုတ်သီးဆားထောင်းကို လိုက်ဖက်မည့် ချဉ်ရည်ဟင်းနဲ့ တွဲဘက်ပြီး စားသုံးနိုင်ပါပြီ။
No comments:
Post a Comment