Saturday, 7 May 2016

ငါးဆားနယ်ကြော် စပ်စပ်လေး





ဒီတခါတော့ ငါးဆားနယ်‌လေး လုပ်ဖြစ်လို့ ငရုတ်သီးစပ်စပ်နဲ့ကြော်ပါတယ် နှစ်သက်ရာ မည်သည့်ငါးကိုမဆို ငါးဆားနယ် လုပ်နိူင်ပြီး ခပ်မြန်မြန် စားချင်ရင်တော့ ၃ရက်လောက်ဆို စားလို့ရပါတယ်။

ကြာကြာထားပြီး စားချင်ရင်တော့ ဆားနယ်ထားတဲ့ ငါးများကို ဖန်ပုလင်းထဲထည့်ကာ လေလုံအောင်ပိတ်ပြီး ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ ထည့်ထားပေးပြီး မိမိစားချင်တဲ့ အချိန်မှာ ကြော်ပြီးစားနိူင်ပါတယ်။

 ရေခဲသေတ္တာ အဆင်မပြေရင်လဲ အခန်းအပူချိန်အတိုင်း ထားလို့ရပြီး စားခါနီးမှ ရေစင်အောင်ဆေးပြီး ကြော်ဖို့အတွက် ပြင်ဆင်ပေးပါက စားချင့်စဖွယ် ငါးဆားနယ်ကြော်လေး တစ်ပွဲအတွက် မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ငါး - 1000 g
  2. ဆီ - စားပွဲတင်ဇွန်းကြီး ၂ဇွန်း
  3. ငရုတ်သီးအခြောက်တောင့် - နှစ်သက်သလောက်
  4. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်းမောက်မောက် ၃ဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  7. ဆားကြမ်း - ထမင်းစာဇွန်းမောက်မောက် ၃ဇွန်း

ငါးပိကောင်လုပ်ရန်
  • နှစ်သက်ရာငါး တကီလိုကို အကောင်လိုက်သို့မဟုတ် အနေတော်ပိုင်းပေးပါ။
  • ငါးနှင့်ဆားတို့ကို ဇလုံကျယ်ကျယ်ထဲ ထဲ့ပြီး နှံ့အောင်မွှေပေးပါ။
  • ပန်းကန်ပြား သို့မဟုတ် ဇလုံတစ်ချပ်ခံပြီး ဆားနယ်ထားသော ငါးများကို စီပြီးထဲ့ပေးပါ။
  • ငါးထဲ့ထားသော ပန်းကန်ပြားကို ပလပ်စတစ်အိတ်နဲ့လုံနေအောင်ပိတ်ပြီး အပေါ်မှ အလေးတစ်ခုခုနဲ့ ဖိထားပါ။
  • ဖိထားသော ငါးထဲမှ ဆားရည်များ အပြင်သို့ ကျမလာစေရန် အောက်မှ ပန်းကန်တခု ထပ်ခံပေးထားပါ။
  • အိမ်တွင်းမှာရှိတဲ့ အခန်းအပူချိန်နဲ့ဘဲ ထားထားပါ။
  • ၂ရက်၃ရက်အတွင်း ထားလိုက်ရင် ရပါပြီ။
ကြော်ရန်အတွက်
  • ငါးကိုဆားအငံပေါ့စေရန် ရေအနည်းဆုံး ၅ထပ်လောက် ဆေးပေးပါ။
  • အငံတော်တော်လေး ပေါ့စေချင်ရင်တော့ ဆန်ဆေးရေမှာ ၁၀မိနစ်လောက် စိမ်ပြီးမှဆေးပေးပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး မညက်တညက် ထောင်းပေးပါ။
  • ငရုတ်သီးမှုန့် ငရုတ်သီးတောင့်တို့ကို ပြင်ထားပါ။
  • ဆီကိုမီးအလယ်အလတ်လောက်နဲ့အပူပေးပြီး ဆီပူလာပါက နနွင်းမှုန့်အနည်းငယ်ထဲ့ပေးပါ။
  • ငါးကိုထဲ့ကြော်ပေးပြီး နှစ်ဖက်လုံးကျက်ရင် ဆယ်ပြီးဆီစစ်ထားပါ။
  • ကြော်ပြီးလို့ပိုသော ဆီထဲသို့ ငရုတ်သီးတောင့်ကို ညိုရောင်သန်းလာတဲ့ထိ ကြော်ပြီး ဆယ်ထားပါ။
  • ဆီများနေရင် နည်းနည်းဖယ်ပြီး မီးကိုထပ်ပြီးရှော့ကာ မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူ အမွှာကြီးကြီး ဆယ်မွှာလောက်ကို အဝါရောင်သန်းလာအောင် ကြော်လိုက်ပါ။
  • ကြက်သွန်ဖြူကြော် နဲနဲဝါလာတာနဲ့ငရုတ်သီးလုံးခြမ်းခွဲ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာကိုထဲ့မွှေပါ။
  • ငရုတ်သီးကြော်ထဲကို ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံလောက်နဲ့ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်လောက်ကို ထဲ့ပြီးကြော်ပေးပါ။
  • ကြော်ချိန်ခနအတွင်း ငရုတ်သီးအရောင်ပြောင်းသွားတာနဲ့ အိုးကိုမီးဖိုပေါ်ကချကာ ကြော်ထားတဲ့ ငါးပိကောင်ကြော်ကို အိုးထဲမှာဘဲ ထဲ့မွှေပေးပါ။
  • မွှေပြီးတာနဲ့ ငရုတ်သီးတောင့်ကြော်နှင့်အတူ ပန်းကန်ထဲကို ပြောင်းထဲ့ပေးပါ။
  • ထမင်းမြိန်စေတဲ့ ငါးပိကောင်ကြော် ရပါပြီ။

No comments:

Post a Comment