ဆီချက်ခေါက်ဆွဲလို့ ပြောလိုက်ရင် ကြက်သား ၀ကျသား ဘဲသားတွေနဲ့ ပြင်ဆင်ထားတာကိုဘဲ ပြေးမြင်မိကြမှာပါ မာမာကေတာ့ သမီးငယ်လေး စာလို့ကောင်းအောင် မြေပဲလှော်ထောင်း များများလေးနဲ့ ပြင်ဆင်ပေးလိုက်ပါတယ်။
သူလေးက စားကောင်းတယ်လို့ပြောတိုင်း အမောတွေ ပြေခဲ့ရပါတယ် ဒါကြောင့်မို့လို့ သတ်သတ်လွတ် စားသူတွေကတွက် အဆင်ပြေရအောင် မာမာလုပ်တဲ့ သတ်သတ်လွတ် ဆီချက်ခေါက်ဆွဲ နည်းလေးကို မျှေ၀ပေးလိုက်ပါတယ်။
ပါ၀င်ပစ္စည်းများ
- ခေါက်ဆွဲအခြောက်ထုတ် - 200 g
- ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးသာသာ
- နှမ်းဖြူ - ထမင်းစားဇွန် သုံးဇွန်း
- ကြက်သွန်ဖြူကြော် - ထမင်းစားဇွန်း ၃ဇွန်း
- ဆား - လိုအပ်သလောက် သုံးပေးပါ
- အချိုမှုန့် - အနညျးငယျေွ
- မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တဗူး
- ကြက်သွန်မိတ် - အနည်းငယ်
- ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
- ခေါက်ဆွဲကို ရေနွေးဆူဆူမှာ နူးအောင်ပြုပ်ပေးပြီး ခေါက်ဆွဲ နူးလာပါက ပြုပ်ထားသော ခေါက်ဆွဲရေနွေးကို ဇကာထဲသြန္ခ်ျပီး ရေလေးထပ်လောက်ဆေးပြီး ရေစစ်ထားပါ
- မြေပဲကိုလှော်ပြီး အခြံခြ်တ္ကာ မညက်တညက် ထောင်းထားပါ
- ကြက်သွန်ဖြူ ကြော်ပြီးသားကို မညက်တညက် ချေထားပါ (လဖက်ထဲထည့်တဲ့ ကြက်သွန်ဖြူဆိုရင် ပိုကောင်းပါတယ် )
- ဆီကို အပူပေးပြီး ဆီပူလာပါက မီးကိုလျှော့လိုက်ပြီး နှမ်းကိုထည့်ကြော်လိုက်ပါ
- နှမ်းထည့်ကြော်ပြီးတာနဲ့ မီးဖိုပေါ်က ခ်ျပီး အအေးခံပေးပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေးလှီးထားပါ
- ဆားနှင့် အရသာမှုန့်ကို အဆင်သင့်ပြင်ထားပါ
တပွဲစာပြင်ပါမယ်
- ပြုပ်ထားသော ခေါက်ဆွဲကို တပွဲစာယူပြီး ဇကာထဲထည့်ကာ ရေနွေးထဲ ခနလေးစိမ်၍ ပြန်ဆည်ကာ ရေစစ်ပြီး ပြင်မည့်ပန်းကန်ထဲ ထည့်ပေးပါ
- အချိုမှုန့် လက်ဖက်ရည်ဇွန်း တ၀က် မြေပဲမှုန့် ထမင်းစားဇွန်း တဇွန်း ဆီချက် ထမ်းစားဇွန်း တဇွန်းခွဲ ဆား လက်ဖက်ရည်ဇွန်း တ၀က္သာသာ ကြက်သွန်ဖြူဆီချက်ဖတ် လက်ဖက်ရည်ဇွန်း တဇွန်းနှင့် ကြက်သွန်မိတ်တို့ထည့်ကာ စားပွဲပြင်ပေးပြီး ကြက်သွန်ချဉ် နှင့်တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment