Friday 18 March 2016

ကြက်သား ကုန်းဘောင်ကြီးကြော်



ဒီတစ်ခါတော့ ဘာချက်ရင် ကောင်းမလဲ စဉ်းစားနေရင်းက ထမင်းပူပူလေးနဲ့ လိုက်ဖက်မဲ့ မွှေးပြီးစပ်တဲ့ ကြက်သား ကုန်းဘောင်ကြီးကြော်လေး ကြော်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 250 g
  2. မုံလာဥနီ - အနေတော် တစ်ဥ
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်ခန့်
  8. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  9. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  11. ငရုတ်သီး အခြောက်တောင့် - စားနိုင်သလောက်

ပြင်ဆင်ပုံ
  1. ကြက်သားကို ရေစင်အောင်ဆေးပြီး ခပ်သေးသေးလေးတွေ တုံးပေးပါ
  2. တုံးထားသော ကြက်သားကို ငံပြာရည် ပဲငံပြာရည် ဆားတို့နှင့်နယ်ပြီး ၁၀မိနစ်လောက် နှပ်ထားပါ
  3. မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း လှီးပေးပါ
  4. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ အကွင်းလိုက် လက်တစ်လုံးနီးပါး အထူရအောင် လှီးထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  6. ချင်းကိုအခွံခွာပြီး ရေဆေးကာ အမြှောင်းလေးတွေ လှီးထားပါ
  7. ငရုတ်သီးတောင့်ကို ရေဆေးပြီး ရေခြောက်အောင် သုတ်ထားပါ
  8.  ပါဝင်ပစ္စည်းများကို ပြင်ထားပါ
ဟင်းချက်ရန်ပြင်ဆင်ပုံ
  • ပထမဆုံး ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ 
  • ဆီပူတာနဲ့ ငရုတ်သီးတောင့်တွေကို မွှေးသွားအောင်ကြော်ပြီး ဆယ်ထားပေးပါ 
  • ထိုဆီထဲမှာဘဲ ကြက်သားကို ထဲ့ကြော်ပေးပါ
  • ကြက်သားကို အသားမာပြီး တင်းလာတဲ့အထိ ၅မိနစ်လောက်ကြော်လိုက်ပါ
  • ကြက်သားကြော်ပြီးသွားတာနဲ့ မုံလာဥနီကို အရင်ဆုံး တစ်မိနစ်လောက် ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့  ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို တစ်မိနစ်လောက် ထဲ့မွှေပေးပါ
  • နောက်ဆုံမှ ငရုတ်သီးတောင့်ကြော်ကိုထည့်ပြီး တစ်မိနစ်လောက် ထည့်ကြော်ပါ
  • ကြက်သွန်များ နွမ်းမသွားအောင် ခပ်မြန်မြန်ကြော်ပြီး မီးပိတ်ကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့  ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်ပြီး အရသာရှိစွာ သုံးဆောင်နိုင်သော ကုန်းဘောင်ကြီးကြော် ရပါပြီ။

No comments:

Post a Comment