ဒီနေ့တော့ ပေါင်မုန့် ထမင်း ပလာတာ ကီးမား ချပါတီ ပူရီတို့နဲ့ အဆင်ပြေသလို တွဲဖက်ပြီး စားနိုင်မဲ့ ဆိတ်သားစဉ်းကော ချက်ဖြစ်လို့မာမာပြင်ဆင်ပြီး ချက်ဖြစ်တဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဆိတ်သား - 500 g
- ကရဝေးရွက် - တစ်ရွက်
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
- ချင်း - လက်တစ်ဆစ်ခန့်
- မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- ဆီ - ထမင်းစားဇွန်း ၁၀ဇွန်း
ပြင်ဆင်ပုံ
- ဆိတ်သားကို အတုံးလိုက် ရေဆေးပြီး ရေစစ်ထားပါ
- ရေစစ်တာနဲ့ စဥ့်နီတုံးပေါ်တင်ပြီး အသားများ ကြေသွားတဲ့ထိ ဓါးနဲ့ နုတ်နုတ်စဉ်းပါ
- စဉ်းထားသော အသားကို ဆား အရသာမှုန့် မဆလာ နနွင်းမှုန့်တို့နှင့်နယ်ပြီး ၁၀မိနစ်ေလောက် နှပ်ထားပါ
- ကြက်သွန်နီကို ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
- ချင်းကို အခွံခွာပြီးခပ်သေးသေး အချောင်းရှည်လေးတွေ လှီးထားပါ
ဟင်းချက်ရန်
- ဆီကိုအပူပေးပြီး ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ကရဝေးရွက် ငရုတ်သီးမှုန့်တို့ကို ထည့်ပြီးကြော်ပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော အသားကို ထည့်မွှေပါ
- အသားများ လုံးထွေးမနေစေရန် ဇွန်းဖြင့်ဖိဖိချေကာ အရောင်ပြောင်းလာပြီး မာလာတဲ့ထိ မွှေပေးပါ
- ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အဖုံးဖုံးကာ တည်ပေးပါ
- ရေခမ်းကာနီး အိုးမကပ်စေရန် အထက်အောက် မွှေပေးပြီး ဆီပြန်လာတာနဲ့ အရသာမြည်းကာ လိုသလိုပြင်ပေးပြီး ပလာတာ ချပါတီ ပူရီ ကီးမား ပေါင်မုန့် ထမင်းတို့နှင် နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment