Thursday 3 March 2016

ရှမ်းခေါက်ဆွဲသုပ်


ခါက်ဆွဲလို့ အမည်တပ်ပေမဲ့ မာမာချက်တာ ရှမ်းစာစစ်ချင်မှ စစ်ပါလိမ့်မယ် အနီးစပ်ဆုံးတူအောင် ရှမ်းအစား အစာတွေ မျှဝေတဲ့ ဂရုထဲကနေ ချက်နည်းကြည့်ပြီး ချက်ထားတာပေမဲ့ စားလို့ကောင်းတဲ့အတွက် မာမာ့လက်ရာ ချက်ရှမ်းခေါက်ဆွဲ ချက်နည်းကို တတ်သလောက် မှတ်သလောက် ချက်ဖြစ်ခဲ့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
ဆန်စီးခေါက်ဆွဲ အခြောက် - 375 g
ကြက်သား သို့မဟုတ် ၀က်သား - 400 g
ကြက်ရိုး - 150 g
မြေပဲလှော် - ထမင်းစားဇွန်း  ငါးဇွန်း
ခရမ်းချဉ်သီး -  အနေတော် ခွန်နှစ်လုံး
ချင်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ (ကြက်သားဆီသတ်ရန်)
ကြက်သွန်နီ - ဥကြီးကြီး နှစ်လုံး(ကြက်သားဆီသတ်ရန်)
ကြက်သွန်ဖြူ  - အမွှာကြီးကြီး ခွန်နှစ်မွှာ(ကြက်သားဆီသတ်ရန်နှင့် ဟင်းခါးချက်ရန်)
ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း (အကြည်ရည်)
ပဲငပိ - ထမင်းစားဇွန်း သုံးဇွန်း
ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
အချိုမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
နှမ်းဖြူ - ထမင်းစားဇွန်း လေးဇွန်း
ရှမ်းချဉ် - 50 g 
ဝက်ခေါက်ကြော် - နှစ်သက်သလောက်
ဆီ - လိုသလောက် သုံပေးပါ (ငရုတ်သီးကြော်ရန် ကြက်သားဆီသတ်ရန်နှင့်နှမ်းဆီချက်ချက်ရန်)
ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
လက်ပံပွင့်ခြောက် - ဆယ်ပွင့်
ငရုတ်ကောင်းမှုန့် - အနည်းငယ်
ငရုတ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း လေးဇွန်း
ချင်း - ခပ်ပါးပါး လေးပြား (ဟင်းရည်ချက်ရန်)
ပြင်ဆင်ပုံ
ကြက်သားကို ရေဆေးပြီး ခပ်သေးသေးလေးတွေ တုံးပေးပါ
ပြီးတာနဲ့ နနွင်းမှုန့် ပဲငံပြာရည် ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်း အချိုမှုန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့နဲ့ အရသာဝင်အောင် နယ်ထားပါ
ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့် ရောပြီး ညက်နေထောင်းထားပါ
ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလှီးထားပါ
လက်ပံပွင့်ခြောက်က်ို တစ်နာရီလောက် ရေစိမ်ပြီး ရေစစ်ထားပါ
ဆန်စီးခေါက်ဆွဲခြောက်ကို ဇလုံတစ်လုံးထဲမှာ ရေမြုပ်အောင်ထည့်ပြီး တစ်နာရီလောက် ရေစိမ်ထားပါ
မြေပဲကို အခွံခွာပြီး သန့်စင်ထားကာ မညက်တစ်ညက် ထောင်းထားပါ
ကြက်သားဟင်းချက်ရန်
ဆီကို အပူပေးပြီး ဆီပူလာပါက ထောင်းထားသော အမွှေးနံ့သာများနှင့် ငရုတ်သီးထောင်းကို ထည့်ပြီး ဆီသတ်ပါ
ဆီသတ်နံ့ မွှေးလာတာနဲ့ လှီးထားသော ခရမ်းချဉ်သီးကို ကျေတဲ့အထိ မွှေပေးပြီး ဆီသတ်ပါ
ခရမ်းချဉ်သီများး ကျေလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထည့်မွှေပြီး ဆီသတ်ပါ
ကြက်သားများ အသားမာပြီး အရောင်ပြောင်းလာမှ ရေမြုပ်အောင်ထည့်ပြီး လက်ပံပွင့်ခြောက်များထည့်၍ ကြက်သားနူးအောင် တည်ပေးပါ
ကြက်သားများ နူးလာပြီး ရေမခမ်းခင် အချိန်မှာ ပဲငပိကို ထည့်မွှေပြီး အရသာမြည်းကာ လိုသလိုပြင်ပြီး မီးပိတ်ထားကာ လက်ကျန်အပူနှင့် ဟင်းအိုးကို မီးဖိုပေါ်မှာ ထားပေးပါ
ဆန်စီးခေါက်ဆွဲပြုပ်ရန်
ရေစိမ်ထားသော ဆန်စီးခေါက်ဆွဲများကို ရေနွေးဆူဆူထဲထည့်ပြီး အနေတော် ပျော့လာတဲ့ထိ ပြုပ်ပေးပါ
ဆန်စီးခေါက်ဆွဲများ ပျော့လာပါက ဇကာထဲသွန်ချ၍ ရေနှင့် ၂ခါလောက် ဆေးပေးပြီး ရေစစ်ထားပါ
ငရုတ်သီးမှုန့် ကြော်ရန်
ငရုတ်သီး လုံးခြမ်းကွဲကိုကြော်ရန် ဆီ ထမင်းစားဇွန်း သုံးဇွန်းကို အပူပေးပါ
ဆီပူလာတာနဲ့ မီးကိုအနေတော်လျှော့ပြီးမှ ငရုတ်သီးမှုန့် ထမင်းစားဇွန်း လေးဇွန်းကို ထည့်မွှေပါ
နီနီညိုရောင် သန်းလာတာနဲ့ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပြီး အအေးခံထားပါ
နှမ်းဆီချက် ချက်ရန်
ဆီထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
ဆီပူလာတာနဲ့ နှမ်းဖြူ  ထမင်းစားဇွန်း လေးဇွန်းလောက်ကို ဆီထဲထည့်မွှေပါ
နှမ်းစေ့များ ဝါရောင်သန်းလာတာနဲ့ ပန်းကန်တစ်လုံးထဲထည့်ပြီး အအေးခံထားပါ
ဟင်းခါးချက်ရန်
ကြက်ရိုး 150 g ကို ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ချင်း ခပ်ပါးပါး သုံးပြားနှင့် ရေမြုပ်ရုံ ထည့်ပြီးပြုပ်ပါ
ပြုပ်ရည်မခမ်းခင် ရေလိုသလောက်ထည့်ပြီး အချိုမှုန့်နှင့် ဆားသင့်ရုံ ထည့်ပြုပ်ပါ
ရေပွက်ပွက် ဆူလာတာနဲ့ ကြက်သွန်ဖြူ  နှစ်မွှာကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထည့်ပါ
အရသာမြည်း၍ လိုသလိုပြင်ကာ ငရုတ်ကောင်းမှုန့် ထည့်ပြီး မီးနွေးနွေးနှင့် တည်ထားပါ
ပြင်ဆင်ပုံ

ဇောက်နက်သော ပန်းကန်တစ်လုံးထဲ ဆန်စီးဖတ်ကို တစ်ပွဲစာလောက် ထည့်ပေးပါ
ချက်ထားသော ကြက်သားကို အနှစ်အသား မျှတအောင် ထည့်ပေးပါ
မြေပဲထောင်းနှင့်နှမ်းဆီ ဆီချက်ကို ထမင်းစားဇွန်း တစ်ဇွန်းစီ ထည့်ပေးပါ
ငရုတ်သီးကြော် ကြိုက်ပါက စားနိူင်သလောက် ထည့်ပေးပါ
ရှမ်းချဉ် ၀က်ခေါက် ဟင်းခါးရည်တို့နှင့် တွဲဘက်ပြီး စားသုံးရန် အဆင်သင့် ဖြစ်နေတဲ့ ရှမ်းခေါက်ဆွဲ ရပါပြီ။

No comments:

Post a Comment