ပါဝင်ပစ္စည်းများ
- ယိုးဒယား ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ခွက်
- ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး တဗူးသာသာ
- အုန်းသီးမှုန့် - 100 g (အုန်းသီးအခြောက်မှုန့် ခြစ်ပြီးသားကို သုံးထားပါတယ်)
- ထန်းလျှက်ခဲ - 100 g ထန်းလျှက်မရှိက( သကြားကို သုံးနိုင်ပါတယ်)
- အချိုအရသာ ပေါ့ပေါ့ကြိုက်လျှင် ထန်းလျှက်ကို လျော့ပြီးကျိုပါ
အုန်းယိုထိုးရန်
- Ready made အုန်းသီးမှုန့်ကို အဆင်သင့် ပြင်ထားပေးပါ
- ထန်းလျှက်ခဲကို ရေအနည်းငယ်ထည့်ပြီး ကျေသွေားအာင် မီးအပူပေးပါ
- ထန်းလျှက်ခဲ အရည်ပျော်လာပါက အမှိုက်မပါအောင် အ၀တ်စသန့်သန့်နှင့် စစ်ပေးပါ
- သန့်စင်ထားပြီးသော ထန်းလျှက်ရည်နှင့် အုန်းသီးမှုန့်ကို အိုးထဲထည့်ပြီး ထန်းလျှက်ရည် ခမ်းတဲ့ထိမွှေပေးပါ
- အုန်းယိုဖြစ်သွားပါက အအေးခံထားပါ။
အုန်းဆီချက်ရန်
- Ready made အုန်းနို့ဗူး 100 g ကိုဆီ ထမင်းစားဇွန်း ၂ဇွန်းထဲ့ပြီး မီးအနေတော်နှင့် အုန်းဆီချက်ပါ
- အုန်ဒဆီချက်နေစဉ် အဆက်မပြတ် မွှေပေးပြီး အုန်းနို့ပျစ်လာချိန်မှာ မီးပိတ်ပြီး အအေးခံထားပါ
မုန့်လုံးဖို့အတွက် ပြင်ပါမယ်
- ဇလုံကျယ်ကျယ်ထဲမှာ ကောက်ညှင်းမှုန့်ကို ထည့်ပေးပြီး ရေနည်းနည်းချင်း ထည့်ကာ နယ်ပေးပါ
- မုန့်သားပျော့ပြီး စေးပိုင်လာပါက ရေပိုနေရင် ချန်ထားလိုက်ပါ
- တခါတရံ အသုံးပြုသော ကောက်ညှင်းမှုန့်များ မတူတဲ့အတွက် ရေကိုတခါထဲ မထည့်ဘဲ ဖြေးဖြေးချင်းထည့်ပြီး မုန့်သားကို နယ်ပေးပါ
- ရေကိုလိုသလောက်ဘဲ သုံးပေးပါ
- မုန့်သားပျော့လာပါက အ၀တ်ရေစိုလေး အုပ်ထားပေးကာ နာရီဝက် တနာရီလောက် အခန်းအပူချိန်အတိုင်း ထားပေးပါ
- အုန်းယိုကို ကွမ်းသီးဆံလောက် အလုံးလေးတွေ လုံးပေးထားပါ
- မုန့်သားနှပ်ထားချိန် ပြည့်သွားတာနဲ့ မုန့်သားကို ကွမ်းသီးလောက် အနေအထား ရအောင်ယူပြီး လက်ဝါးနှစ်ဖက်နှင့် ပွတ်ပြီး လုံးပေးပါ
- အလုံးလေးဖြစ်သွားတာနဲ့ လက်ဝါးပေါ်တင်ပြီး အလယ်ကို အချိုင့်လေးဖြစ်အောင် လက်မနှင့်ဖိလိုက်ပါ
- ချိုင့်သွားသောနေရာသို့ အုန်းယိုတခု ထဲ့လိုက်ပါ
- အုန်းယိုပေါ်သို့ မုန့်သားနှင့် ပြန်အုပ်ပြီး ဝိုင်းနေအောင် လုံးပေးပါ
- အုန်းယို မပေါ်အောင် မုန့်သားကို သတိထားပြီး အုပ်ပေးပါ
- အုန်းယိုပေါ်နေပါက မုန့်သားကို ရေပူထဲ ထည့်ပြီးပြုပ်ချိန်မှာ အုန်းယိုများ အပြင်သို့ ပေါက်ထွက်သွားတတ်ပါတယ်
မုန့်လုံးကြီးပြုပ်ရန်
- ရေအေးကို ဇလုံတလုံးထဲမှာ ထည့်ပေးထားပါ
- ငှက်ပျောဖက်ကို ရေဆေးပြီး ရေစင်အောင် သုတ်ပေးကာ ဆီနှင့် သုတ်ပေးထားပါ
- မုန့်သားအားလုံး အစာထည့်ပြီး လုံးပြီးပါက ဇောက်နက်သော အိုးထဲမှာ ရေများများထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေပွက်ပွက် ဆူလာပါက လုံးထားသော မုန့်လုံးများကို တလုံးချင်း ထည့်ပေးပါ
- မုန့်သားကျက်ပြီး ရေပေါ်ပေါ်လာပါက မုန့်အတွင်းသားများ ကျက်စေရန် သုံးမိနစ်လောက် ထားပြီးမှ ဆယ်ပေးပါ
- ဆယ်ထားသော မုန့်လုံးများကို ရေအေးဇလုံထဲ ထည့်ပေးပြီး အေးသွားလောက်တော့မှ ဆီသုတ်ထားသော ငှက်ပျောဖက်ပေါ်သို့ ဆယ်ပြီး တင်ထားပေးပါ
- ရေစစ်ထားသော မုန့်လုံးများအား ထိပ်အလယ်မှ ကပ်ကြေးနှင့် ကန့်လန့်ဖြတ် နှစ်ချက်ညှပ်ပေးပြီး အုန်းဆီဆမ်းကာ စားပွဲပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment