Thursday 3 March 2016

ကြက်သားအာလူး မဆလာအစပ်ချက်



ကြက်သားထဲက မထွက်နိုင်သော မာမာ့ရဲ့ဟင်းပွဲလေးထဲက ဒီတခါတော့ ကြက်သားကို အာလူးနဲ့ရောကာ မဆလာနိုင်နိုင်လေးနဲ့ ဆီပြန်ဟင်း ချက်ထားလို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
ကြက်အသည်းအမြစ် အရသာနယ်ရန်

  • ကြက်ရင်ပုံသား- 500g 
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ချင်း - လက်တဆစ်ခန့်
  • စပါးလင် - တလက်မခန့်
  • မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • အာလူး - အနေတော် ၃လုံး  (အာလူးကို အခွံခွာကာ အနေတော်တုံးပြီး ရေစိမ်ထားပါ)
  • ဆီ - ထမင်းစားဇွန်း ၈ဇွန်း

ကြက်သားအရသာနယ်ရန်
အရသာနယ်ရန်
  1. ကြက်ရင်ပုံသားကို သင့်သလို တုံးထားပြီး ဆား မဆလာ နနွင်း ဟင်းချိုမှုန့် ငံပြာရည်တို့နဲ့ အရသာဝင်အောင် နယ်ထားပါ

ငရုတ်သီးထောင်းရန်
  1. ကြက်သွန်ဖြူ- သုံးမွှာ
  2. ကြက်သွန်နီ - ခပ်ကြီးကြီး တဥ
  3. ချင်း- လက်တဆစ်ခန့်
  4. စပါးလင် - ထမင်းစားဇွန်း တဇွန်း
  5. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း အားလုံးကို ရောပြီးထောင်းပေးပါ
ပြင်ဆင်ပုံ
  • ကြက်သားနှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကိုပြင်ထားပါ
  • အာလူးကို အခွံခွာကာ အနေတော်တုံးပြီး ရေစိမ်ထားပါ
  • ဇောက်နက်သော အနေတော်အိုးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူတာနဲ့ ကြက်သွန်ဖြူ နီ ချင်း စပါးလင်ထောင်း ငရုတ်သီးမှုန့်တို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
  • အရသာနယ်ထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • အသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
  • အသားများမာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး  ပထမတရည် ခမ်းခါနီးထိ တည်ပေးပါ
  • ရေမခမ်းခင် အောလူးကိုထည့်၍ နောက်ထပ် ရေမြုပ်အောင် ထပ်ထည့်ကာ ဆက်တည်ပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရခမ်းပြီး ဆီပြန်လာပါက မဆလာနံ့ သင်းသင်းလေးနဲ့ ကြက်သားအာလူး ဆီပြန်ဟင်းကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment