မုန့်လုပ်နည်းလေးကတော့ မုန့်ကြာစေ့ လုပ်နည်းအတိုင်းပါဘဲ မုန့်သားကို ကိုယ်ကြိုက်နှစ်ရာ food color လေးတွေ ထည့်ပြီး နယ်ပေးထားတဲ့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူးနှင့် လက်တလုံးသာသာ
- ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူ
- သကြား - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်
- အုန်းနို့ ready made - တဗူး
- Food color - ၇ရောင်
မုန့်နှစ်နယ်ပြီး မုန့်သားလုံးရန်
- ဇလုံကျယ်ကျယ် တလုံးထဲမှာ ကောက်ညှင်းမှုန့်ကိုထဲ့ပြီး ရေကေိုနည်းနည်းချင်းထည့်ပြီး မုန့်သား အိလာအောင် နယ်ပေးပါ
- ကောက်ညှင်းမှုန့် အပေါ်မူတည်ပြီး မုန့်သားအပျော့အမာ ကွဲတတ်တာမို့ ရေကိုနည်းနည်းချင်း ထည့်နယ်ပေးပါ
- မုန့်သားနယ်ပြီးပါက အ၀တ်ရေစို သန့်သန့်ကိုရေညှစ်ပြီး မုန့်သားအပေါ်မှာအုပ်ပြီး နာရီဝက်လောက် နှပ်ထားပေးပါ
- နာရီဝက်လောက်ပြည့်ပါက မုန့်သားကို နည်းနည်းချင်းယူပြီး ခပ်သေးသေးလေးတွေ ၇ပုံလုံးပေးပါ
- Food color တရောင်ခြင်းစီကို တစက်လောက်စီ ပြင်ထားပါ
- လုံးထားသော မုန့်လုံးလေးတွေကို food color တလုံးတရောင်နှင့် ရောနယ်ပေးပါ
- အရောင်နယ်ပြီးတာနဲ့ ကောက်ညှင်းမှုန့်ဖြူးထားသော ဗန်းထဲသို့ တရောင်ခြင်းစီ ခပ်သေးသေးလေးတွေ လုံးပေးထားပါ
- မုန့်သားပြုပ်ပြီး ဆယ်ထည့်ရန် ရေအေးသန့်သန့် ဇလုံတလုံးကို အဆင်သင့် ပြင်ထားပေးပါ
- အားလုံးပြီးတာနဲ့ အိုးတလုံးထဲ ရေများများထဲ့ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေပွက်ပွက်ဆူတာနဲ့ လုံးထားသော မုန့်လုံးများကို တရောင်ခြင်းစီ တလုံးချင်း ရေနွေးအိုးထဲကို ထဲ့ပေးပါ
- မုန့်လုံးလေးတွေ ထည့်နေတုံး မုန့်သားကျက်ပြီး ရေပေါ်ပေါ်လာသော မုန့်လုံးများကို ဆယ်ပေးပါ
- ဆယ်ပြီးတာနဲ့အဆင်သင့်ပြင်ထားသော ရေအေးဇလုံထဲကို ထည့်ပေးပါ
- အားလုံးပြီးတာနဲ့ရေအေးစိမ်ထားသော မုန့်လုံးလေးများကို ရေထဲကဆယ်ပြီး ရေစစ်ပေးပါ
အုန်းနို့အရသာစပ်ရန်
- Ready made အုန်းနို့ဗူးကိုဖောက်ပြီး ပန်းကန်လုံး တခုထဲမှာ သကြားနှင့် ရောမွှေပေးထားပါ
မုန့်ပွဲပြင်ရန်
- ရေစစ်ထားသော မုန့်ကြာစေ့ရောင်စုံ အလုံးလေးများကို ပန်းကန်တလုံးထဲမှာထည့်ပြီး အုန်းနို့ရည် စိမ်ထားပေးပါ
- တပွဲစာအတွက် ပန်းကန်ထဲကို မုန့်ကြာစေ့နှင့် အုန်းနို့ရည်တို့ကို အနေတော်ထည့်ပြီး စားသုံးနိုင်ပါပြီ
- အေးအေးလေး စားချင်ရင်တော့ ရေခဲတုံးလေးများထည့်ပြီး ပြင်ပေးပါ။
No comments:
Post a Comment