ပါဝင်ပစ္စည်းများ
- ကောက်ညှင်းငချိတ်ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- ရေ ထမင်းပေါင်းအိုး - ဆန်ချင်ဗူး လေးဗူး
- အုန်းသီးခြစ်ပြီးသား - လိုသလောက်
- နှမ်းလှော်ထောင်းပြီးသား - လိုသလောက်
ကောက်ညှင်းချက်ရန်
- ကောက်ညှင်းငချိတ်ဆန်ကို ရေဆေးပြီး ထမင်းပေါင်းအိုးထဲကို ရေနှင့်အတူ ထည့်ပေးပါ
- ထမင်းချက်သလိုဘဲ ခလုတ်နှိတ်ပြီး ချက်ပေးပါ
- ထမင်းအိုး ခလုတ်တက်တာနဲ့ ကောက်ညှင်းချက်ပြီးသား ရပါပြီ။
နှမ်းထောင်းရန်
- နှမ်းအဖြူကို မီးအနေတော်နှင့် ရွှေဝါရောင် သန်းလာတဲ့ထိ လှော်ပေးပါ
- လှော်ပြီးသားနှမ်းနှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ငရုတ်ဆုံထဲမှာ မညက်တစ်ညက် အနေအထားရအောင် ထည့်ထောင်းပေးပါ။
အုန်းသီးခြစ်ရန်
- အုန်းသီးတစ်ခြမ်းကို ကိုယ်လိုသလောက် အုန်းခြစ်နှင့်ခြစ်ထားပေးပါ
ပြင်ဆင်ပုံ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပူပူနွေးနွေး ကောက်ညှင်းငချိတ်ကို နှမ်းထောင်းနှင့် အုန်းသီးမှုန့် ဖြူးကာ စားသုံးနိုင်ပါပြီ။
No comments:
Post a Comment