Saturday, 1 April 2017

ပုဇွန်​ငရုတ်​သီးစိမ်း အစပ်​ချက်


ဟင်းဆိုရင် စပ်နေမှ စားချင်တဲ့ မာမာတယောက် ဒီနေ့တော့ ကျောက်ပုဇွန်လေးတွေကို အစပ်ချက်ထားပါတယ် ထမင်းပူပူလေးနဲ့ အလွန်တရာမှ လိုက်ဖက်တဲ့ ဟင်းလေးပါ။

ရေချိုကျောက်ပုဇွန်လေးတွေရဲ့ အခွံက မာသယောင် ထင်ရပြီး ချက်လိုက်တဲ့အခါ မမာဘဲ ပုဇွန်အသားကလဲ ချက်လိုက်တာနဲ့ အရောင်ရဲပြီး တက်လာတတ်လာကာ မွှေးလဲမွှေးတဲ့ပုဇွန်မို့ အင်မတန်စားလို့ကောင်းပါတဲ့အတွက် အစပ်ကြိုက်သူတွေအတွက် ချက်စားနိုင်အောင် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေချို ကျောက်ပုဇွန် - 250g
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်သီးစိမ်းအနီတောင့် - စားနိုင်သလောက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်း
ပြင်ဆင်ပုံ
  • ပုဇွန်ကို ရေစင်အောင်ဆေးပြီး ခေါင်းနှင့်အမြှီးကို ဖြုတ်ထားပါ
  • ဆီကိုအပူပေးကာ နနွင်းမှုန့်ထဲ့ပြီး ကြက်သွန်နီကို ပါးပါးလှီးကာ ဆီသတ်ပါ
  • ကြက်သွန်နီ နွမ်းတာနဲ့အရသာမှုန့် ပုဇွန်နှင့် ငံပြာရည်တို့ ထည့်ကြော်ပါ
  • ပုဇွန်ကို ၂မိနစ်လောက်ဘဲကြော်ပြီး ငရုတ်သီးစိမ်း ထည့်ကြော်ပါ
  • ငရုတ်သီးစိမ်းထည့်ပြီး ရေ လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးစာထည့်ကာ ၂မိနစ်လောက် ရေဆူအောင် တည်ပြီးတာနဲ့ အရသာမြည်ပြီး လိုသလိုပြင်ပေးကာ ပုဇွန်ငရုတ်သီးစိမ်း စပ်စပ်လေးကို ထမင်းပူပူလေးနှင့် စားနိုင်ပါပြီ။

No comments:

Post a Comment