Wednesday, 5 April 2017

ငါးငပိချက် စပ်စပ်လေး





ဆောင်းရာသီလေး ၀င်လာပြီမို့လို့ ဒီနေ့တော့ စပ်နေတဲ့အစာလေးတွေ စားချင်လာမိပြန်တယ် ဒါကြောင့်မို့  ထမင်းမိန်မိန် စားရလေအောင် ငါးငပိချက်လေး ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

  • နုတ်နုတ်စဉ်းထားသော ဘာဆာငါး - 300g (အရိုးထွင်ပြီးသား မည်သည့်ငါးနှင့်မဆို ချက်နိုင်ပါတယ် )
  • ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း (အစပ်မစားလျှင် လျော့ထည့်ပါ)
  • ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  • နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ - ၄မွှာခန့်
  • ပါးပါးလှီးထားသော ခရမ်းချဉ်သီး - အလုံးကြီးကြီး ၅လုံး (သို့မဟုတ်) ready made ၄၀၀ဂရမ်ဗူးကို သုံးပေးပါ
  • အခွံခွာပြီး ရေဆေးထားသော ထောင်းထားသော  ကြက်သွန်ဖြူ - ၅မွှာ
  • ဆီ လက်ဖက်ရည်အကြမ်းပန်းကန် - ဟင်းခတ်ဇွန်းကြီး တဇွန်းခွဲ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  • ကျိုထားသော ငါးပိရည်ကျိုပျစ်ပျစ် - လက်ဖက်ရည်ပန်းကန် တစ်လုံး
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နံနံပင် - နှစ်သက်သလောက် ရေဆေးပြီး အနေတော် လှီးထားပါ

ပြင်ဆင်ပုံ
  • ဆီကို အပူပေးပြီး နနွင်းမှုန့်ကိုထဲ့ပါ ပြီးတာနဲ့ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို နွမ်းအောင်ကြော်လိုက်ပါ
  • ကြက်သွန်များ နွမ်းတာနဲ့ ငရုတ်သီးမှုန့်ကိုမွှေးလာတဲ့ထိ ကြော်ပေးပါ
  • ငရုတ်သီးမှုန့်မွှေးလာတာနဲ့ ငါးနှင့်ငါးငံပြာရည်ထဲ့ကာ ငါးအသားများ မွလာတဲ့အထိ ကြော်ပေးပါ
  • ငါးအသားများ မွလာတာနဲ့ ခရမ်းချဉ်သီးကိုထဲ့ပြီး အခွံများ လိတ်လာတဲ့ထိ မွှေပြီးချက်ပေးပါ
  • ခရမ်းချဉ်သီး အခွံများလိတ်လာတာနဲ့ အရသာမှုန့် ငပိရည်ကျိုတို့ထဲ့ပြီးမွှေပေးပါ
  • အားလုံး ပွက်ပွက်ဆူလာတာနဲ့ အရသာကိုမြည်းကာ နံနံပင်ကို ထဲ့မွှေပေးပြီး မီးပိတ်ပေးပါ
  • ငါး ငပိချက်မွှေးမွှေးလေးကို တို့စရာအစုံအလင်နဲ့ သုံးဆောင်နိုင်ပါပြီ။
  • ငါးပိချက် အရောင်ပိုလှအောင် ready made ဗူးကို သုံးထားပါတယ်။

No comments:

Post a Comment