Tuesday, 25 April 2017

ဆန်စေးမုန့်ဖတ်သုပ်




ငါးအမွကြော်ထားတာလေးတွေနဲ့ ဒီနေ့တော့ ဆန်စေးမုန့်ဖတ်လေး သုပ်စားဖို့ ပြင်ပါမယ် ကြက်သားဟင်း ၀က်သားဟင်းတွေအစား အစားထိုးပြီးသုပ်ထားတာ ဖြစ်တဲ့အတွက် တခြားအသား မစားသူတွေအတွက် စားချင့်စဖွယ် အသုပ်လေး ဖြစ်လာမှာပါ ငါးအမွကြော်နည်းလေးကတော့ ကြော်နည်းလေး တင်ပြီးသားဖြစ်လို့ ပြင်ဆင်ပုံလေး မရေးတော့ဘူးနော်။

ပါဝင်ပစ္စည်းများ

  • ဆန်စေးမုန့်ဖတ်အစို - တကီလိုခွဲ
  • ငါးအမွှကြော် - လိုသလောက်
  • ငါးငံပြာရည် - ထမင်းစားဇွန်း လိုသလောက်
  • ငရုတ်သီးဆီချက် - လိုသလောက်
  • နံနံပင် - လိုသလောက်
  • ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  • ပဲအကျက်မှုန့် - လိုသလောက်
  • သံပုရာသီး - နှစ်လုံး



    လိုအပ်သည်များ ပြင်ထားရန်
    • ဆန်ဆေးဖတ်ကို ရေအေးနှင့် အနည်းဆုံး သုံးနာရီလောက် စိမ်ထားပါ
    • ပြီးမှ ရေနွေးဆူဆူထဲ နှစ်မိနစ်လောက် နှစ်ပေးကာ ရေဆေးပြီး ရေစစ်ထားပါ
    • သံပုရာသီးကို ရေဆေးပြီး အနေတော် လှီးထားပါ
    • ပဲအကျက်မှုန့် ငါးအမွှကြော် ငံပြာရည်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ပြင်ထားပါ
    • နံနံပင်ကို ရေဆေးပြီး လှီးထားပါ
    စားပွဲပြင်ရန်
    • ပန်းကန်တခုထဲတွင် တပွဲစာ ဆန်စေးမုန့်ဖတ် ငါးအမွှကြော်နှင့် ငရုတ်သီးဆီချက် ပဲအကျက်မှုန့် ငရုတ်သီးအလှော်မှုန့် နံနံပင် ငံပြာရည် သံပုရာရည်တို့ကို သင့်သလို ထည့်နယ်ပြီး ဆန်းစေးမုန့်ဖတ်သုပ်ကို ပြင်ပေးကာ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ ။

    No comments:

    Post a Comment