Monday 24 April 2017

နာနတ်သီးသုပ်


နေ့လည်နေ့ခင်း တစ်ခါတစ်လေ စားလို့ကောင်းတဲ့ နာနတ်သီး သုပ်လေး သုပ်စားဖြစ်ပါတယ် ချိုချဉ်ငံစပ်ပြီး မွှေးနေတဲ့အတွက် စိတ်ကူးရရင် သုပ်စားကြည့်ရအောင် မာမာပြင်ဆင်ပြီး အသုပ်သုပ် နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. နာနတ်သီး - အနေတော် တစ်ခြမ်း
  2. ပုဇွန်ခြောက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  3. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  4. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ငရုတ်သီး အလှော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  1. နာနတ်သီးကို အခွံခွာပြီး ဓါးနှင့်အရှည်လိုက် စိတ်ကာ အနေတော် အတုံးလေးတွေ တုံးပေးပါ
  2. လှီးထားသော နာနတ်သီးကို ဇလုံတစ်လုံးထဲ ထည့်ပေးပါ
  3. နာနတ်သီး ဇလုံထဲထည့်ပြီးတာနဲ့ ငရုတ်သီးမှုန့် ငါးငံပြာရည် ပုဇွန်ခြောက်မှုန့် သကြားတို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  4. အရသာ နယ်ပြီးပါက အရသာကိုမြည်းပြီး လိုသလိုပြင်ကာ ချဉ်ငံစပ် လျှာဂျွမ်းပြန် နာနတ်သီးသုပ်လေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment