Monday, 17 April 2017

မုန့်လုံးရေပေါ်



နှစ်ဆန်းတရက်နေ့ ဆွမ်းတော်ကပ်ချင်တာနဲ့ မုန့်လုံးရေပေါ်လေး လုပ်ဖြစ်သွားတယ် ဆွမ်းတော်ကပ်နိုင်အောင် မုန့်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ခွက်
  • ဆန်မှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၁ခွက်
  • ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၂ဗူး
  • အုန်းသီးမှုန့် - အနည်းငယ်
  • ထန်းလျှက်ခဲ - အနည်းငယ်
  • ဆား - အနည်းငယ်


ပြင်ဆင်ပုံ
  • ဆန်မှုန့် နှင့်ကောက်ညှင်းမှုန့်တို့ကို ဇလုံကျယ်ကျယ်ထဲမှာ ရေနည်းနည်းချင်းထဲ့ပြီးနှဲပေးပါ
  • မုန့်သားပျော့ပြီးစေးပိုင်လာပါက ရေပိုနေရင် ချန်ထားလိုက်ပါ
  • ရေတခါထဲမထဲ့ဘဲ ဖြေးဖြေးချင်းနှဲတာက ရေကိုလိုသလောက်ဘဲသုံးနိုင်ပါတယ်
  • မုန့်သားပျော့လာပါက နာရီဝက်တနာရီလောက် အခန်းအပူချိန်အနိုင်း ဒီတိုင်းထားပေးပါ
  • အ၀တ်ရေစိုလေးအုပ်ထားပေးက ပိုကောင်းပါတယ်
  • ထန်းလျှက်ခဲကို လက်တစ်ရဲ့ တ၀က်သာသာလောက်လေးတွေ တုံးပေးထားပါ
  • အုန်းသီးမှုန့်ကို ဆားအနည်းငယ်ထဲ့ပြီး ငံမြမြလေးရအောင် ဖွဖွလေးနယ်ထားပေးပါ
  • မုန့်သားနှပ်ထားပြီးတာနဲ့ မုန့်သားကို ကွမ်းသီးဆံလောက်ရအောင်ယူပြီး လက်ဝါးနှစ်ဖက်နှင့် ပွတ်ပြီး လုံးပေးပါ
  • အလုံးလေးဖြစ်သွားတာနဲ့ လက်ဝါးပေါ်တင်ပြီး အလယ်ကို အချိုင့်လေးဖြစ်အောင် လက်ညှိုးနှင့်ဖိလိုက်ပါ
  • ချိုင့်သွားသောနေရာသို့ထန်းလျှက်ခဲ အစိတ်လေးတခုထဲ့လိုက်ပါ
  • ထန်းလျှက်ခဲပေါ်သို့ မုန့်သားပြန်အုပ်ပြီး လုံးပေးပါ
  • ထန်းလျှက်ခဲ မပေါ်အောင် မုန့်သားကို သတိထားပြီးအုပ်ပေးပါ
  • ထန်းလျှက်ခဲ ပေါ်ပါက မုန့်သားကို ရေဆူဆူနှင့်ပြုတ်ချိန်မှာ ထန်းလျှက်များ အပြင်သို့ ပေါက်ထွက်ပါတယ်
  • အားလုံးလုံးပြီးပါက ရေများများထဲ့ပြီး ဆူအောင်တည်ပေးပါ
  • ရေပွက်ပွက်ဆူလာပါက လုံးလုံးထားသောမုန့်များကို တလုံးချင်းထဲ့ပေးပါ
  • မုန့်သားကျက်ပြီးရေပေါ် ပေါ်လာပါက မုန့်အတွင်းသားများကျက်စေရန် နှစ်မိနစ်လောက်ထားပြီးမှဆယ်ပါ
  • ရေအေးဇလုံ သန့်သန့်ထဲသို့ ပေါ်လာသော မုန့်လုံးရေပေါ်များကို ဇွန်းဇကာဖြင့်ဆယ်ထဲ့ပါ
  • မုန့်လုံးရေပေါ်များ အေးလာပါက ဆီစွတ်ထားသော ဌက်ပျောဖက်ပေါ်သို့ ဖျန့်ပြီးတင်ပေးပါ
  • ဌက်ပျောဖက်မရှိပါက ပန်းကန်ပြားထဲသို့ဆယ်ထဲ့ပါ
  • အားလုံးပြီးပါက အုန်းသီးမှုန့်ဖြူးပြီး ရာသီစာ မုန့်လုံးရေပေါ်လေးကို ဆွမ်ေးတော်ကပ်နိုင်သလို ပိုနေတာကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment