Wednesday, 19 April 2017

ချဉ်ငံစပ် လက်ဖက်ထောင်း






မြန်မာပြည်က ညီမအငယ်ဆုံးလေး ပေးလိုက်တဲ့ လက်ဖက်အသားလေးတွေကို ဒီနေ့တော့ ချဉ်ငံစပ်လေး ထောင်းပါတယ် လွယ်ကူမြန်ဆန်စွာ ထောင်းနိုင်တာမို့လို့ မာမာ ထောင်းတဲ့နည်းလေး မျှဝေလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

  • လက်ဖက်အသား (လက်ဖက်အညွန့် )  - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးခွဲစာ
  • ပုဇွန်ခြောက် - အကောင်ကြီးကြီး အအောင် ၃၀ခန့်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၈မွှာခန့်
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်ထည့်ပါ
  • သံပုရာသီး - တလုံး
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (မစားလျှင်မထည့်လဲရ)
  • မြေပဲဆီစစ်စစ် - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးသာသာ
  • လက်ဖက်အရွက်ကြမ်းဖြစ်ပါက လက်ဖက်အသားကို ရေ၂ထပ်လောက်ဆေးပြီး ရေစင်အောင်ညှစ်ပေးပြီးမှ ငရုတ်ဆုံထဲ ညက်နေအောင် ထည့်ထောင်းပေးပါ
ပြုလုပ်ပုံ
  • လက်ဖက်အညွန့်ကို ရေနှင့် ခပ်ဖွာဖွာလှုပ်ပြီး ဆေးကာ လက်နှစ်ဖက်နှင့် ရေစင်အောင် ညှစ်ပေးပါ
  • ရေစစ်သွားပါက ဇလုံကျယ်ကျယ်တလုံးထဲ ထည့်ပြီး ဖွထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပေးပါ
  • ငရုတ်သီးစိမ်းကို အနေတော် လှီးပေးပါ
  • ဆား ပုဇွန်ခြောက်မှုန့် ငရုတ်သီးစိမ်း အချိုမှုန့် ကြက်သွန်ဖြူတို့ ထည့်ပေးပြီး ခပ်ဖွဖွ အားလုံးသမအောင်နယ်ပေးပါ
  • ပြီးတာနဲ့ အားလုံးကို သမအောင်နယ်ပြီး ငရုတ်ဆုံထဲမှာ ညက်နေအောင် ထောင်းပေးပါ
  • ထောင်းထားသော လက်ဖက်များ ညက်သွားပါက အရသာမြည်းကြည့်ပြီး လိုသလိုပြင်ပေးကာ ဆီထည့်ပြီး သမအောင်နယ်ပေးပါ
  • အားလုံးသမသွားပါက လေလုံသော ဖန်ပုလင်းထဲတွင် ဆီမြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထားစားပါက နှစ်ပေါက်အောင် စားသုံးနိုင်တဲ့ လက်ဖက် ချဉ်ငံစပ်နှပ်လေးရပါပြီ။

No comments:

Post a Comment