Friday, 21 April 2017

ကြက်သား ဆီချက်ခေါက်ဆွဲ


ရံဖန်ရံခါ မိသားစု အရမ်းနည်းတဲ့ အိမ်လေးထဲမှာ အစားအသောက် ပြင်ဆင်ချက်ပြုပ်ရတာ နည်းနည်းလေးဘဲ ချက်ရတာမို့ အခုလို အစာခံတဲ့ အစားအသောက်တွေ ပြင်ဆင်မိတိုင်း ထမင်းမချက်ရတာက များပါတယ်။

ဒီနေ့တော့ အစာပြေအတွက် ဆီချက်ခေါက်ဆွဲလေး လုပ်စားရတာ အလုပ်များတယ် ထင်ရပေမဲ့ စားလို့ကောင်းတယ်လို့ ချီးမွန်းတာ ခံရရင်တော့ အမောလဲပြေ ပျော်လဲပျော်ပေါ့ရှင် ဒါကြောင့်မို့လို့ အိမ်ရှင်မတွေ စိတ်ပျော်ရွှင်ရအောင် မာမာလုပ်တဲ့ အိမ်လုပ် ဆီချက်ခေါက်ဆွဲ အလွယ်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား - 150g
  • ခေါက်ဆွဲ - 200g
  • ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူးသာသာ
  • နှမ်းဖြူ - ထမင်းစားဇွန် သုံးဇွန်း
  • ကြက်သွန်ဖြူကြော် - ထမင်းစားဇွန်း ၃ဇွန်း
  • ကင်းမွန်ငံပြာရည် - လဖက်ရည် အကြမ်းပန်းကန် တလုံး
  • အရသာမှုန့် - လိုသလောက်
  • မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တဗူး
  • ကြက်သွန်မိတ် - အနည်းငယ်
  • နာနတ်ပွင့် - တပွင့်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ဂေါ်ဖီ - အနည်းငယ်
  • ခရမ်းချဉ်သီးဆော့ - အနည်းငယ်
  • ငရုတ်သီးစိမ်း - စားနိုင်သလောက် 
  • ဗီနီကာ - လိုသလောက်
ပြင်ဆင်ပုံ

  • ကြက်သားကို ရေဆေးပြီး နာနတ်ပွင့် အရသာမှုန့်. လက်ဖက်ရည်ဇွန်း တ၀က် ဆားတို့နှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး  ရေခမ်းအောင် ပြုပ်ပေးပါ
  • ကြက်သားကျက်သွားပါက ခပ်သေးသေးမွမွလေးတွေ လှီးထားပါ
  • ခေါက်ဆွဲကို ရေနွေးဆူဆူမှာ နူးအောင်ပြုပ်ပေးပြီး ရေနွေးကို ဇကာထဲသွန်ချပြီး ရေလေးထပ်လောက်ဆေးပြီး ရေစစ်ထားပါ
  • မြေပဲကိုလှော်ပြီး အခွံချွတ်ကာ မညက်တညက် ထောင်းထားပါ
  • ကြက်သွန်ဖြူ ကြော်ပြီးသားကို မညက်တညက် ချေထားပါ (လဖက်ထဲထည့်တဲ့ ကြက်သွန်ဖြူဆိုရင် ပိုကောင်းပါတယ် )
  • ဒါမှမဟုတ် ကြက်သွန်ဖြူကို မညက်တညက်ထောင်းပြီး ကြွတ်နေအောင် ကြော်ထားပါ
  • ဆီကို အပူပေးပြီး ဆီပူလာပါက မီးကိုလျှော့လိုက်ပြီး နှမ်းကိုထည့်ကြော်လိုက်ပါ ထည့်ကြော်ပြီးတာနဲ့ မီးဖိုပေါ်က ချပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေးလှီးထားပါ
  • ငံပြာရည်နှင့် အရသာမှုန့်ကို အဆင်သင့်ပြင်ထားပါ
အချဉ်ပြင်ရန်
  • ဂေါ်ဖီကို အနေတော်လှီးပြီး ရေဆေးထားကာ ခရမ်းချဉ်သီးဆော့နှင့် ရောပြီးနယ်ထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီ အနေတော်လှီးကာ ဗီနီကာထဲမှာ မြုပ်အောင်ထည့်ပြီး နာရီဝက်လောက် စိမ်ထားပါ
တပွဲစာပြင်ရန်

  • ပြုပ်ထားသော ခေါက်ဆွဲကို တပွဲစာယူပြီး ဇကာထဲထည့်ကာ ရေနွေးထဲ ခနလေးစိမ်ပြီး ပြန်ဆည်ကာ ရေစစ်ပြီး ပန်းကန်ထဲထည့်ပေးပါ
  • ကြက်သားထမင်းစားဇွန်း တဇွန်း အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က် မြေပဲမှုန့် ထမင်းစားဇွန်း တဇွန်း ဆီချက် ထမ်းစားဇွန်း တဇွန်းခွဲ ငံပြာရည် လက်ဖက်ရယ်ဇွန်း တ၀က်သာသာ ကြက်သွန်ဖြူဆီချက် လက်ဖက်ရည်ဇွန်း တဇွန်းနှင့် ကြက်သွန်မိတ်တို့ထည့်ကာ ကြက်ရိုးဟင်းခါး ငရုတ်သီးအချဉ် ဂေါ်ဖီအချဉ်လေးတို့ နှင့်တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ







No comments:

Post a Comment