Monday 3 April 2017

ကောက်ညှင်းခွက်ကြော်






ကောက်ညှင်းငချိတ်တွေ ၀ယ်ထားပြီး ချက်စားရင်ကောင်းမလား ပေါင်းစားရင်ကောင်းမလား စဉ်းစားလိုက်တာ ချက်ရမှာလဲပျင်း ပေါင်းရမှာလဲပျင်းမိလေတော့ စားတဲ့ဆီကို မရောက်ဖြစ်တော့ပါဘူး။

ဒီတခါတော့ ပျင်းနေတာလေး ခနထားပြီး ကောက်ညှင်းခွက်ကြော် ကြော်ဖို့စိတ်ကူးက ရသွားတဲ့အတွက် မာမာပြင်ဆင်တဲ့ နည်းလေးမျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းငချိတ် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး -၂ဗူးခွဲ
  3. ဆီ - လိုသလောက်
  4. ဆား - လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
  5. နှမ်းဖြူ - ထမင်းစားဇွန်း ၂ဇွန်း

ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်ကို အရင်ဆုံး ရေ၂ထပ်လောက် ဆေးပေးပါ
  • ရေဆေးထာသော ကောက်ညှင်းဆန်ကို ထမင်းပေါင်းအိုးထဲမှာ ရေထည့်ပြီး မပျော့လွန်း မမာလွန်း အောင်ချက်ပြီး ကျက်သွားတာနဲ့ အိုးထဲမှာ နွေးနွေးလေးရအောင် ဆက်ထားပေးပါ
  • သုံးမည့် ကောက်ညှင်း အမျိုးအစား မတူနိုင်တဲ့အတွက် ရေ အနည်းအများကို ချင့်ချိန်ပြီးမှ ချက်ပေးပါ 
  • ပုံမှန်အားဖြင့် ကောက်ညှင်းဆန်ကို ချက်ပါက ပုံမှန်ဆန် ချက်တာထက် ရေအနည်းငယ် လျှော့ထည့်ပေးရပါမယ်
  • ထမင်းပေါင်းအိုးထဲမှာ ချက်ထားသော ကောက်ညှင်းဆန် ခပ်နွေးနွေးလေး ဖြစ်လာပါက ဆားနှင့် နှမ်းစေ့ကို ထည့်ကာ အားလုံးနှံ့သွားအောင် ရောပြီးနယ်ပေးပါ
  • ပြီးတာနဲ့ အနေတော်ယူကာ လက်ထဲမှာ ဆုတ်ပေးပြီး အနည်းငယ် ဖြန့်ပေးပါ
  • အားလုံးပြီးတာနဲ့ ဇကောတချပ်ထဲမှာ ဆုတ်ထားသော ကောက်ညှင်းဆုတ်လုံးကို အသာလေး လက်နှစ်ဖက်ကြားထည့်ကာ ခပ်ပြားပြားလေးဖြစ်အောင် ဖြန့်ပြီးထည့်ပေးပါ
  • အားလုံးထည့်ပြီးတာနဲ့ နေပူထဲမှာ နေလှန်းပေးပါ
  • နေအရမ်းပူပါက တနေ့လောက် လှန်းပြီးတာနဲ့ အပေါ်ယံ တဖက်က အတော်လေး ခြောက်သွားပါပြီ
  • နောက်တဖက်ကို ဓါးအချွန်လေးသုံးပြီး အောက်ဖက်မှ ထိုးကလော်ကာ လှန်ပေးပါ
  • နောက်တနေ့မှာ အရမ်းပူသော နေရောင်မှာဘဲ နောက်တဖက်ကို လှန်းပေးပါ 
  • ထိုနည်းအတိုင်း ၄ရက်လောက် လှမ်းပြီးပါက ခြောက်သွေ့လာပါပြီ
  • နေရောင်မလုံလောက်လို့ မခြောက်သေးပါက ခြောက်အောင် ဆက်လှန်းပေးပါ
  • ခြောက်သွားပါက ဆီပူပူထဲသို့ တခုခြင်းထည့်ကာ တဖက်ကို စက္ကန်. ၂၀ လောက်ဘဲ ကြော်ပေးပါ ဆီပေါ်ကို ပေါ်လာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆယ်ပြီး ဆီစစ်သွားတာနဲ့ မွပြီးရွနေတဲ့ ကောက်ညှင်းခွက်ကြော်ကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment