Sunday, 30 April 2017

အုန်းသီး သာဂူပြင်






သင်္ကြန်တုန်းက သင်္ကြန်မုန့်လေးတွေ လုပ်စားဖြ၀်ပေမဲ့ မုန့်လုပ်နည်း အကုန်လုံးကို တပြိုင်နက်ထဲ မရေးနိုင်ခဲ့လို့ ဒီနေ့တော့ အုန်းသီး သာကူပြင်မုန့်လုပ်နည်းလေး ရေးမယ်ရေးမယ်နဲ့ အခုမှဘဲ ရေးဖြစ်ပါတော့တယ်။

ပါဝင်ပစ္စည်းများ

  • သာကူ - ၂ ခွက် မုန့်လုပ်ရာတွင်သုံးသောခွက်
  • ရေ - ၂ ခွက်
  • လိမ္မော်ရည် တခွက် လိမ္မော်ရောင်အတွက် သုံးရန်
  • ရေ တခွက် ဆွမ်းမွှေးကြိတ်ရည်နှင့် ရောသုံးရန်
  • သကြား - တခွက်
  • ခြစ်ထားသော အုန်းသီးဖတ် - တခွက်
  • ဆား - အနည်းငယ်
  • ဆွမ်းမွှေးရွက် - ၂ရွက်
  • လိမ္မော်ရည် - တခွက်


သာဂူကျိုရန် အရည်အရသာစပ်နည်း

  • ဆွမ်းမွှေးရွက် ၂ရွက်ကို ဘလန်ဒါထဲ ထည့်ကြိတ်ကာ အရည်ကို ယူထားပါ
  • ရေ မုန့်လုပ်ရာတွင်သုံးသော ခွက်တခွက်ရအောင် ဆွမ်းမွှေးရွက်အရည် ထမင်းစားဇွန်း လေးဇွန်းနှင့် ရောဖျော်ထားပါ
  • လိမ္မော်ရည်ကိုတော့ ready made ဖျော်ရည်ကို သုံးထားပါတယ်
  • လိမ္မော်ရည် တခွက်ကို ရေ ထမင်းစားဇွန်း ၄ဇွန်းလောက်နဲ့ ရောထားပါ
  • အသုံးပြုသော သာဂူများ မတူနိုင်တဲ့အတွက် ရေကိုလိုတိုးပိုလျှော့ လုပ်ပေးပါ


ပြင်ဆင်ပုံ

  • သာကူကို ရေမြန်မြန်ဆေးပြီး ရေစစ်ထားပါ
  • ရေစိမ်တာ ကြာပါက သာဂူများ ကျေကုန်နိုင်ပါတယ်
  • ရေနှင့်လိမ္မော်ရည်ကို ဖျော်ထားပါ
  • ရေနှင့် ဆွမ်းမွှေးရွက်ဖျော်ရည်ကို ရောပြီးဖျော်ထားပါ
  • အရင်ဆုံး ဇောက်နက်သော အိုးထဲမှာ လိမ္မော်ဖျော်ရည်နှင့် ဆား တို့ကိုထည့်ပြီး ဆူပွက်လာသည်အထိ တည်ပေးပါ
  • အရည်များ ဆူပွက်လာလျှင် သာကူကို ထည့်ပြီး အဆက်မပြတ် မွှေပေးပါ
  • ၃ မိနစ်လောက် မွှေပေးပြီးမှ သကြားကို နောက်ဆုံးမှ ထည့်ပေးပါ
  • သကြားထည့်ပေးပြီး သာကူစေ့ရဲ့ အလည်မှ အဖြူရောင် ၀တ်ဆံလေးအနည်းငယ် ကျန်တဲ့အချိန်တွင် မီးဖိုပေါ်မှချပြီး အအေးခံမည့် ဘန်း သို့မဟုတ် ဘူးထဲထည့်ပေးပြီး အအေးခံပေးပါ
  • သာဂူများ အေးသွားပါက ရေခဲသေတ္တာ အောက်ထပ်မှာ တညသိပ် ထားပေးပါ
  • နောက်နေ့မှာ ပုံပါအတိုင်း သာဂူစေ့ အလယ်မှ ၀တ်ဆံဖြူလေးမျာ ပျောက်သွားကာ ဖောင်းဖောင်းအိအိလေးတွေ ဖြစ်လာပါလိမ့်မယ်
  • အေးသွားသော သာကူများကို ဓါးကိုဆီသုတ်ပြီး အနေတော် အတုံးများ တုံးပေးကာ အုန်းသီးဖတ်များဖြင့် လူးပေးပါ
  • အုန်းသီးဖတ်များ လူးပြီးပါက ချိုစိမ့်စိမ့် သာဂူပြင်လေးများကို သုံးဆောင်နိုင်ပါပြီ။
သာဂူကျိုရာတွင် အသုံးပြုသော သာဂူများ မတူနိုင်တဲ့အတွက် ရေကို လိုတိုးပိုလျှော့ ချင့်ချိန်ပေးရန် သတိထားပေးပါ။

No comments:

Post a Comment