Friday 30 September 2016

ခရမ်းကြွတ်သီး ငါးပိရည်ချက်



ငါးပိရည်လေးပါမှ ထမင်းစားက မိန်တတ်လေတော့ ဒီတခါ ခရမ်းကြွတ်သီးလေးတွေနဲ့ စားမိန်ဖွယ်ရာ ငါးပိရည်ကျိုနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခရမ်းကြွတ်သီး - အနေတော် အလုံး၁၀လုံး
  2. ညက်နေအောင် ထောင်းထားသော ကြက်သွန်နီ ဥကြီးကြီး - တစ်ဥ
  3. ရေစိမ်ပြီး ညက်အောင်ထောင်းထားသော ပုဇွန်ခြောက် လက်ဖက်ရည် ပန်းကန်လုံး - တစ်လုံးစာ
  4. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  8. ငရုတ်သီးစိမ်း အနီရောင် - စားနိုင်သလောက်
  9. ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  10. ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ

ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာနားထိ ပြတ်အောင်လှီးပြီး လေးစိတ်လှီးပေးကာ ရေနာရီဝက်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ ညက်အောင်ထောင်းပေးထားပါ
  • ငါးပိရည် ကျိုပြီးသားကို ပြင်ထားပေးပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာဆီ ခရမ်းကြွတ်သီးများ ထောင်းထားသော ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ကြက်သွန်နီ ဆား ဆီ အချိုမှုန့် ပုဇွန်ခြောက်ထောင်းတို့ကို ရောနယ်ပေးထားပါ
  • အိုးထဲမှာ အရသာနယ်ထားသော ခရမ်းသီးများကို ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန်  မကြာမကြာမွှေပေးပြီး လုံးရည်ခမ်းကာနီးတာနဲ့ ရေလိုသလောက် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေးရအောင် တည်ပေးပြီး ခရမ်းသီးများ ကျေသွားအောင် ချေပေးပြီး ငါးပိရည်ကျိုကို ထည့်ပြီးမွှေပေးပါ
  • ခရမ်းသီးနှင့် ငါးပိရည်ကျို သမသွားပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ အိအိမွှေးမွှေး ခရမ်းသီးငါးပိရည်ကျို စပ်စပ်လေးကို တို့စရာအစုံနှင့် သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment