Monday 19 September 2016

ပဲပင်ပေါက် ဖောက်နည်း ( ဒုတိယနည်း )










ပဲပင်ပေါက် ဖောက်နည်းလေးတွေ အမျိုးမျိုး စမ်းသပ်တိုင်း အစဉ်ပြေပေမဲ့ တချို့က ပဲပင်ပေါက် အမြှစ်တွေက ရှုတ်တယ်လို့ ပြောလာကြပြန်တယ် မာမာကတော့ အမြှစ်လေးတွေ ဖြတ်ပြစ်ရတာ သမျှောလွန်းလို့ သမန်ကာ သျှန်ကာ အပေါ်ယံလောက်ဘဲ ဖြတ်ပြစ်တတ်ပါတယ်။

အခုတခါတော့ အမြှစ်တွေ ဖြတ်လို့လွယ်အောင် ဇကာရဲ့အောက်ဖက်မှာ ဇလုံတခုခံပြီး ပဲပင်ဖောက်တဲ့ နည်းလေးလုပ်ဖြစ်ပါတယ် အပင်ဖောက်နည်းကတော့ အရင်နည်းအတိုင်းပါဘဲ အောက်ဘက်က ဇလုံခံပြီး အမြှစ်ကို ပေးထွက်ထားတဲ့အတွက် အမြှစ်ရှင်းရ သက်သာအောင် လုပ်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပဲပင်ဖောက်နည်း

  1. ပဲစေ့ ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးကို ရေမြုပ်အောင်ထည့်ပြီး ပဲများပွလာအောင် ၁၀နာရီလောက် ရေစိမ်ထားပေးပါ
  2. ရေစိမ်ပြီး ပဲစေ့များ ပွလာပါက အပေါက် ခပ်စိပ်စိပ်ပါပြီး ဇောက်နက်သော ဇကာထဲ သွန်ချပေးပါ
  3. ဇကာထဲမှ ပဲများကို မထိဘဲ ဇကာအပေါ်မှ အဖုံးတခုခုနှင့် အုပ်ပြီးထားပေးပါ
  4. ထွက်လာသော ပဲအမြစ်များ ဖြတ်ရလွယ်စေရန် ဇကာအောက်မှာ ဇလုံတခု ခံပြီး ဇကာကို တင်ထားပေးပါ
  5. သတိရရင် ရသလို ရေလောင်းပေးနိုင်စေရန်  ဘေဇင်နားတွင်ထားပြီး ရေလောင်းလောင်းပေးပါ
  6. ဒုတိယမြောက်နေ့မှာ အပင်လေးများ စထွက်လာပြီး တတိယနေ့မှာ အပင်တော်တော်လေး ရှည်လာပါလိမ့်မယ်
  7. ရေကို မကြာမကြာ လောင်းပေးပြီး အဖုံးအုပ်ထားပါက အပင်ထွက်နူံး ပိုမြန်ပါတယ်
  8. တတိယမြောက်နေ့ ရောက်တာနဲ့ အပေါ်မှာ ဖုံးထားသော အဖုံးကို မဖုံးဘဲ ထားပေးပါ နေ့လည်လောက်ဆို ဇကာအပေါ်ကို မောက်တက်လာပါလိမ့်မယ်
  9. ပဲပင်ပေါက်မှ အမြှစ်များကိုတော့ ဇကာဖင်ဘက်မှ အမြှစ်များကို ကပ်ကြေးနှင့် ညှပ်ပေးပါ
  10. ပြီးမှ ဗန်းကျယ်ကျယ် တခုထဲကို လက်တဆုတ်စာ စွဲယူပြီး အပေါ်ယံမှ ပဲပင်များဧ။် အောက်ခြေအမြစ်များကို ကပ်ကြေးဖြင့် ညှပ်ချပြီး အပင်များကို ထည့်ပေးပါ
  11. အမြှစ်များ မဖယ်ချင်လဲ ဒီအတိုင်း ဗန်းကျယ်ကျယ်ထဲ ထည့်ကာ ပဲပင်များကို ဖွလိုက် ခါလိုက်လုပ်ကာ ယူပေးပါ
  12. အပင်များကို လက်နှစ်ဖက်ဖြင့် ဖွဖွပေးပြီး အခွံများကို ခါချပေးသလို ဖြစ်ပြီး အခွံများ အောက်ဖက်မှာ ကျန်ခဲ့ပါလိမ့်မယ်
  13. အမြှစ်နှင့် အခွံများကို လွှင့်ပြစ်ပါ
  14. ပဲပင်ပေါက် ကုန်တဲ့အထိ ထိုနည်းအတိုင်း လုပ်ပေးပါက ပဲအခွံချွတ်ရတာ ပိုပြီးမြန်ပါတယ်။

1 comment: