တစ်နေ့တစ်နေ့ ဟင်းချက်ရတာ စဉ်းစားမိလေတိုင်း ချာချာလည်အောင် မူးနောက်ခဲ့ရတဲ့ အချိန်တွေအတွက် ဒီနေ့တော့ ကြက်သားလေးကင်ပြီး အသီးအရွက်ယောင်ယောင် မုံလာဥနီသုပ်လေး သုပ်ဖြစ်လို့ လွယ်ကူမြန်ဆန် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- မုံလာဥနီ - ဥကြီးကြီး နှစ်ဥ
- ခရမ်းချဉ်သီး - ခပ်ကြီးကြီး တစ်လုံး
- နှမ်းလှော် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
- ဆား - ထမင်းစားဇွန်း တစ်ဝက်
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နှမ်းဆီ - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်သာသာ
ပြင်ဆင်ပုံ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ သေးသေးမျှင်မျှင်လေးတွေရအောင် ခြစ်ပေးပါ
- ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- နှမ်းကို မီးအေးအေးနှင့် ရွှေဝါရောင် သန်းလာတဲ့အထိ လှော်ပေးထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများ အားလုံးကို ဇလုံထဲထည့်ပြီး ခပ်ဖွဖွလေး နယ်ပေးပါ
- အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ စားသုံးရန် ပန်းကန်တစ်ခုထဲ ပြောင်းထည့်၍ ပြင်ပေးကာ မုံလာဥနီသုပ် မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment