Saturday 10 September 2016

ဆိတ်သားမဆလာကင်





ဒီနေ့တော့ ဆိတ်သားတွေ ဝယ်လာပြီး နောက်နေ့တွေမှာ ချက်တန်တာချက်ဖို့ ပြင်ဆင်သိမ်းဆည်းပြီး ကျန်နေတာကို ဆိတ်သားမဆလာအစပ် အိုးပူတိုက် မွှေးမွှေးလေး လုပ်ဖြစ်လို့ မာမာပြင်ဆင်ပြီး အိုးပူတိုက်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်သား - 300 g
  2. ကြက်သွန်ဖြူ  - ငါးမွှာ
  3. ချင်း - ခပ်ပါးပါး တစ်ပြား
  4. ငရုတ်သီးလုံးကြမ်းခွဲ - ထမင်းစားဇွန်း နှစ်ဇွန်း
  5. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်
  6. ဗနီကာ - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ဆီ - လိုသလောက်

ပြင်ဆင်ပုံ
  • ဆိတ်သားကို ဗီနီကာရည် အနည်းငယ်နှင့်နယ်ပြီးဆေးပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးပြီး ညက်နေအောင် ထောင်းပေးပါ
  • ကြက်သွန်ဖြူကိုလဲ အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးထားပါ
  • ရေဆေးပြီးသော ဆိတ်သားကို ခပ်ပါးပါးလေးတွေ လှီးပေးပြီး ချင်းထောင်း ကြက်သွန်ဖြူထောင်း ငရုတ်သီးလုံးကြမ်းခွဲ ဆား ခနောကြက်သားမှုန့် မဆလာ ဆား  နနွင်းမှုန့်တို့ဖြင့် အရသာ နယ်ပေးပါ
  • အရသာ နယ်ထားသော အသားများကို ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ ၃နာရီလောက် နှပ်ပေးထားပါ
အသားကင်ရန် ပြင်ဆင်ပုံ
  • အောက်ခြေမကပ်သော ဒယ်အိုးတစ်လုံးကို ဆီအနည်းငယ်ထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် မီးကိုအနည်းငယ် လျှော့ပေးကာ အရသာ နယ်ထားသော အသားများကိုထည့်ပြီး အိုးပူတိုက်ပေးပါ
  • တစ်ဖက်ကျက်လျှင် တစ်ဖက်ကို လှန်ပေးပြီး အိုးပူတိုက်ပေးပါ
  • နှစ်ဖက်စလုံး ကျက်ပါက အိုးပူတိုက်ထားသော ဆိတ်သားမွှေးမွှေးလေးကို ဒီအတိုင်းစားနိုင်သလို သံပုရာရည် ညှစ်၍လည်း သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment