အသားဟင်း စိုစိုတွေ စားချင်စိတ် မရှိလေတိုင်း အခုလို ငါးခြောက်ကို ခပ်စပ်စပ်လေးကြော်ပြီး ထမင်းပူပူလေးနဲ့ စားရတဲ့အရသာက အရမ်းကို ထမင်းမိန်စေခဲ့ပါတယ် ဒါကြောင့်မို့ အာပြဲခြောက် ငါးခြောက်ကြော်နည်းလေး မျှဝေလိုက်ပါတယ်။
ပါ၀င်ပစ္စည်းများ
- အာပြဲခြောက် - 300g
- ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
- ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၅ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
- ဆီ - 500ml
ပြင်ဆင်ပုံ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးလှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
- အာပြဲချောက်ကို ခပ်သေးသေးလေးတွေ ခုတ်ပေးထားပါ
- ငရုတ်သီးမှုန့်ကို အဆင်သင့် ပြင်ထားပါ
ကြော်ရန်ပြင်ဆင်ပုံ
- ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
- ကြက်သွန်နီများ ကြော်လို့လွယ်စေရန် အနည်းငယ် ချေပေးထားပါ
- ဆီအငွေ့တက်လာတာနဲ့ မီးအနည်းငယ် လျှော့ပေးပြီး ကြက်သွန်နီကို ထည့်ကြော်ပါ
- ရွှေဝါရောင် စသန်းလာတာနဲ့ မီးဖိုမှဖယ်ကာ လက်ကျန်ဆီ အပူရှိန်နှင့် ကြက်သွန်ဖြူများ ဆက်ပြီးကြော်ပေးပါ
- ကြက်သွန်ဖြူများ ရွှေဝါရောင်သန်းလာတာနဲ့ ဆယ်ပြီး ဇကာထဲထည့်ကာ ဆီစစ်ပေးပါ
- ထိုဆီပူထဲမှာဘဲ မီးကိုအနေတော်ထားပြီး ငါးခြောက်များကို ရွှေအိုရောင် ဖြစ်လာတဲ့အထိ မွှေကြော်ကြော်ပေးပါ
- ရွှေအိုရောင် အရောင်ပြောင်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
- ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီအနည်းငယ်သာ ချန်ထားပြီး မီးကို အောက်ဆုံးအထိ လျှော့ပေးကာ ငရုတ်သီးလုံးခြမ်းကွဲ အမှုန့်ကိုထည့်ပြီး မွှေပေးပါ မီးများလျှင် ငရုတ်သီးများ မည်းသွားတတ်တဲ့အတွက် သတိထားပြီး ကြော်ပေးပါ
- ငါးခြောက်ကြော်များ အေးသွားမှ အအေးခံထားသော ငရုတ်သီးကြော် ကြက်သွန်နီကြော် ကြက်သွန်ဖြူကြော်တို့နှင့် ရောမွှေကာ ထမင်းပူပူလေးနှင့် သုံးဆောင် နိူင်ပါပြီ။
No comments:
Post a Comment