Wednesday 21 September 2016

ပဲပလာတာ










ဒီလင့်လေးက ပလာတာလုပ်နည်း လင့်ပါ http://mmlazp.blogspot.com.au/2016/09/blog-post_14.html ပလာတာ လုပ်နည်းလေးက တင်ပြီးသားဖြစ်လို့ ဒီနေ့တော့ ပဲပလာတာ လုပ်နည်းလေး မျှဝေလိုက်တယ် ပဲအရသာ စပ်နည်းလေးကတော့ တစ်ယောက်နဲ့တစ်ယောက် တူချင်မှ တူကြပါလိမ့်မယ် အရသာကို ကိုယ်နှစ်သက်သလို စပ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အဆင်သင့် လုပ်ထားသော ပလာတာ - ငါးချပ်
  2. ပဲပြုပ် - နှစ်သက်သလောက် သုံးပေးပါ
  3. ကြက်သွန်နီ ဆီချက်အဖက် - ထမင်းစားဇွန်း သုံးဇွန်းစာ
  4. ဆီချက် - ထမင်းစားဇွန်း သုံးဇွန်း (သို့မဟုတ်) ရေနွေးအဖြူ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆီ - ပလာတာကြော်ရန် လိုသလောက်

ပဲအရသာစပ်ရန် ပြင်ဆင်ပုံ
  • အရင်ဆုံး ပဲပြုပ်ကို ကျေသွားအောင် ချေပေးပါ
  • ပဲများ ကျေသွားတာနဲ့ ဆား သကြား ကြက်သွန်နီ ဆီချက်ဖတ် ဆီချက်ဆီတို့ ရောမွှေပေးပါ
  • ဆိုင်တွေမှာ ပဲအရသာ စပ်ရင်တော့ ပဲများများရပြီး ပဲပွားအောင် ဆီချက်ဆီအစား ရေနွေးအဖြူလေးထည့်ပြီး ပဲကိုကျေသွားအောင် ချေပေးပါတယ်
ပလာတာကြော်ရန်
  • ဒယ်အိုးအပြားကို ဆီ ထမင်းစားဇွန်း နှစ်ဇွန်းစာလောက်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်လောက်အထိ လျှော့ပေးပြီး ခပ်ပြားပြား လှိမ့်ထားသော ပလာတာကို ဒယ်အိုးထဲမှာ ဖြန့်ပြီးထည့်ပေးပါ
  • ပလာတာရဲ့ အလယ်တည့်တည့်မှာ အရသာနယ်ထားသော ပဲများကို ထမင်းစားဇွန်း ၃ဇွန်းစာလောက် ပုံပေးပါ
  • ပလာတာရဲ့ ဘေးနှစ်ဖက်ကို ပုံထားသော ပဲများအား အုပ်မိအောင် အုပ်ပေးပါ
  • အောက်ဖက်မှ ကျက်လာတာနဲ့ တဖက်ကို လှန်ပေးပြီး အပြင်ခွံ ကြွတ်ကြွတ်လေး ရအောင် နှစ်ဖက်လုံးကို  ကြော်ပေးပါ
  • အပြင်ခွံ နှစိဖက်လုံးကြွတ်ပြီး မွှေးလာတာနဲ့ အိုးထဲမှဆယ်ပြီး နောက်ထပ်ကျန်နေသော ပလာတာများကို ဆက်ပြီး ကြော်ပေးပါ။
  • မွှေးပြီးကြွတ်နေတဲ့ ပဲပလာတာ ကြွတ်ကြွတ်လေးများ ရပါက မိမိနှစ်သက်သလို သုံးဆောင်လို့ ရပါပြီ။

No comments:

Post a Comment