Thursday, 8 September 2016

အာဗျဲခြောက် အစပ်ကြော်







အသားဟင်း စိုစိုတွေ စားချင်စိတ် မရှိလေတိုင်း အခုလို ငါးခြောက်ကို ခပ်စပ်စပ်လေးကြော်ပြီး ထမင်းပူပူလေးနဲ့ စားရတဲ့အရသာက အရမ်းကို ထမင်းမိန်စေခဲ့ပါတယ်။

ဒါကြောင့်မို့လို့ တစ်ခါတလေ လွယ်တယ်ထင်ရပေမဲ့ တစ်ခါတလေ ကြော်ရတာ ခက်နေတာတွေလဲ ဖြစ်ရတတ်ပါတယ် ဒါပေမဲ့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်ခဲ့တဲ့ အာပြဲခြောက် ငါးခြောက်ကြော်နည်းလေး မျှဝေလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

  1. အာပြဲခြောက် - 300 g
  2. ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  4. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၅ဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  6. ဆီ - 500 ml

ပြင်ဆင်ပုံ

  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးလှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
  • အာပြဲချောက်ကို ခပ်သေးသေးလေးတွေ ခုတ်ပေးထားပါ
  • ငရုတ်သီးမှုန့်ကို အဆင်သင့် ပြင်ထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ကြက်သွန်နီများ ကြော်လို့လွယ်စေရန် အနည်းငယ် ချေပေးထားပါ
  • ဆီအငွေ့တက်လာတာနဲ့ မီးအနည်းငယ် လျှော့ပေးပြီး ကြက်သွန်နီကို ထည့်ကြော်ပါ
  • ရွှေဝါရောင် စသန်းလာတာနဲ့ မီးဖိုမှဖယ်ကာ လက်ကျန်ဆီ အပူရှိန်နှင့် ကြက်သွန်ဖြူများ ဆက်ပြီးကြော်ပေးပါ
  • ကြက်သွန်ဖြူများ ရွှေဝါရောင်သန်းလာတာနဲ့ ဆယ်ပြီး ဇကာထဲထည့်ကာ  ဆီစစ်ပေးပါ
  • ထိုဆီပူထဲမှာဘဲ မီးကိုအနေတော်ထားပြီး ငါးခြောက်များကို ရွှေအိုရောင် ဖြစ်လာတဲ့အထိ မွှေကြော်ကြော်ပေးပါ
  • ရွှေအိုရောင် အရောင်ပြောင်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီအနည်းငယ်သာ ချန်ထားပြီး မီးကို အောက်ဆုံးအထိ လျှော့ပေးကာ  ငရုတ်သီးလုံးခြမ်းကွဲ အမှုန့်ကိုထည့်ပြီး မွှေပေးပါ မီးများလျှင် ငရုတ်သီးများ မည်းသွားတတ်တဲ့အတွက် သတိထားပြီး ကြော်ပေးပါ
  • ငါးခြောက်ကြော်များ အေးသွားမှ အအေးခံထားသော ငရုတ်သီးကြော် ကြက်သွန်နီကြော် ကြက်သွန်ဖြူကြော်တို့နှင့် ရောမွှေကာ ထမင်းပူပူလေးနှင့် သုံးဆောင် နိုင်ပါပြီ။

No comments:

Post a Comment