ပါဝင်ပစ္စည်းများ
- Beef mince - 500 g
- ကြက်သွန်ဖြူ ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ချင်း ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ကြက်သွန်နီ လှီးပြီးသား - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
- ကြက်သွန်မိတ် လှီးပြီးသား - ထမင်းစားဇွန်း ဆယ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- soy sauce - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ဗီနီကာ - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဆီ - လိုသလောက်
ပြင်ဆင်ပုံ
- beef mince ကို ပြင်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပေးပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပေးပါ
- ကျန်လိုအပ်သော ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ဇလုံတစ်လုံးထဲမှာ ဆီမှလွဲပြီး ပါဝင်ပစ္စည်းများ အားလုံးကို ထည့်ပေးပါ
- ပါဝင်ပစ္စည်းများ ထည့်ပြီးတာနဲ့ အရသာကို သမအောင် နယ်ပေးကာ အလုံးလေးတွေ လုံးထားပါ
- အရသာဝင်အောင် နယ်ပြီးတာနဲ့ အသားများကို အနေတော် လုံးပေးထားပါ
- ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ အသားလုံးများကို တစ်လုံးခြင်း ထည့်ပြီးကြော်ပေးပါ
- အမဲသားလုံးကြော်တို့ရဲ့ ထုံးစံအတိုင်း မီးအချိန်အဆ များသွားတဲ့အခါ အရောင်မည်းမည်းကြီး ဖြစ်သွားတတ်ပါတယ်
- ဒါကြောင့်မို့လို့ မီးအပူရှိန်ကို ချိန်ဆပြီး ကြော်ပေးပါ
- ကြော်ထားသော အမဲသားလုံးများ ရွှေအိုရောင် သန်းလာပြီး ကျက်ပြီဆိုပါက ဆယ်ပြီးဆီစစ်ကာ ထမင်းပူပူလေးနှင့် စားသုံးနိုင်ပါပြီ။
No comments:
Post a Comment