Monday, 28 July 2025

အာဗြဲခြောက် မီးကင်သုပ်

 


မာမာ အရင်တပါတ်က အာဗြဲခြာက် မီးကင်ပြီးသားလးတွကို ချဉ်ချဉ် ငံငံ စပ်စပ်လး သုပ်ဖြစ်ပါတယ်။

ထမင်းစားရတာ ခံတွင်းပျက်သလို ဖြစ်နေတော့ စိတ်ကူးထဲ ပေါ်လာတာလးကို သုပ်စားမိပေမဲ့ စားလို့ကောင်းလွန်းလို့ မာမာပြင်ဆင်ပြီး သုပ်စားတဲ့ နည်းလေးကို မျှ‌ဝေ ပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မီးကင်ပြီးသား အာဗြဲခြောက် - အကောင်ကြီးကြီး ဆယ်ကောင်
  2. မုံလာဥနီ - ခပ်ကြီးကြီး တစ်ဥ
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. နံနံပင် - အပင်ကြီးကြီး နှစ်ပင်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆား - အနည်းငယ်
  7. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဝက်
  8. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်းစာ
ပြင်ဆင်ပြုလုပ်ပုံ
  • ဇလုံတလုံးထဲမှာ မီးကင်ပြီးသား အာဗြဲခြောက်များကို ဖဲ့ပြီး ထည့်ထားပါ
  • မုံလာဥနီကို အခွံခွာရေဆေးပြီး ခြစ်တံနှင့် ခြစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးကာ မထူမပါးလေး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံတလုံးထဲမှာ ထည့်ပြီး အရသာ သမအောင် နယ်ပေးပါ
  • အရသာ သမသွားတာနဲ့ အရသာ မည်းပေးကာ မိမိစိတ်ကြိုက် အရသာ ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ ချဉ်ငံစပ် အာဗြဲခြောက် မီးကင်သုပ်လး ရပါပြီ။

No comments:

Post a Comment