Saturday 1 October 2016

သာခွေယိုင်







ဒီနေ့တော့ နေ့လည်နေ့ခင်း ဘာလေးလုပ်စားရမလဲ စဉ်းစားရင်းက အုန်းနို့လေး အဆင်သင့် ရှိနေတာနဲ့ သာခွေယိုင်လေး လုပ်စားဖြစ်ခဲ့ကြပါတယ်။

အိမ်မှာလုပ်တဲ့ အိမ်လုပ်သရည်စာ အလွယ်လုပ်နည်းလေးဖြစ်လို့ စားချင်စိတ် ပေါ်တဲ့အခါ လုပ်စားနိူင်အောင် မလေးရှား သာခွေယိုင် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ (၂ပွဲစာ)

ကောက်ညှင်းငချိတ် - ထမင်းစားဇွန်း ၈ဇွန်း
အုန်းနို့ - ထမင်းစားဇွန်း ၃ဇွန်း
Rock Sugar - 140 g
Palm Sugar - 60 g
ဆွမ်းမွှေးရွက် - ၂ရွက်
ရေ - 1600 ml

ပြင်ဆင်ပုံ
ကောက်ညှင်းငချိတ်ဆန် ရေ rock sugar,palm sugar ,ဆွမ်းမွှေးရွက်နှင့် အုန်းနို့တို့ကို ပြင်ထားပါ
ဆွမ်းမွှေးရွက်ကို ရေဆေးပြီး ၂ပိုင်းပိုင်းကာ ထုံးထားပါ
ကောက်ညှင်းဆန်ကို ရေဆေးထားပါ
အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးတလုံးထဲမှာ ရေ ကောက်ညှင်းဆန် rock sugar, palm sugar ဆွမ်းမွှေးရွက်တို့ကိုထည့်ပြီး မိနစ်၃၀ခန့် တည်ပေးပါ
မိနစ်၃၀ခန့် တည်ပြီးတာနဲ့ မီးပိတ်ပေးပါ
တယောက်စာအတွက် အဖတ်နှင့် အရည်ကို ပန်းကန်လုံးလေးထဲမှာ ထည့်ပေးပြီး အပေါ်မှ အုန်းနို့ထမင်းစားဇွန်း တဇွန်းခွဲစာ ဆမ်းပေးကာ မလေးရှား သာခွေယိုင် စိမ့်စိမ့်လေးကို သုံးဆောင်နိူင်ရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment