Wednesday 26 October 2016

သတ်သတ်လွတ် ပိန္နဲစေ့ဆီပြန်







ပိန္နဲစေ့လေးတွေ ရလာလေတော့ ပြုပ်စားရင် ကောင်းလေမလား ဆီပြန်ဟင်းလေး ချက်လိုက်ရ ကောင်းမလား ပဲကုလားဟင်းလေး ချက်လိုက်ရ ကောင်းလေမလားလို့ စဉ်းစားနေရင်းက ထမင်းစားလို့ မြိန်စေမဲ့ သတ်သတ်လွတ် ဆီပြန်ဟင်းလေးဘဲ ချက်ဖြစ်သွားလို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပိန်းန္နဲစေ့ - 500 g
  2. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ရေ - တရုတ်ဟင်းရည်သောက် ပန်းကန်လုံး အသေးတစ်လုံး

ပြင်ဆင်ပုံ
  • ပိန္နဲစေ့များကို ရေဆေးထားပေးပါ
  • မာမာကတော့ ready made အခွံခွာပြီးသား အထုတ်ကို ချက်ပါတယ်
  • ကြက်သွန်ဖြူ ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဇောက်နက်သော အိုးတလုံးမှာ အခွံခွာထားသော ပိန္နဲစေ့များ ကြက်သွန်ဖြူ ကြက်သွန်နီ ဆား  နနွင်းမှုန့် ငရုတ်သီးမှုန့် အချိုမှုန့် ဆီတို့ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ရေအနည်းငယ်ထည့်ပြီး သုံးမိနစ်ခန့် လုံးချက်လေး ချက်ပေးပါ 
  • ပိန္နဲစေ့များ လုံးမိတာနဲ့ ရေကိုထည့်ပြီး ဟင်းအိုးဆူအောင် တည်ပေးပါ
  • ပိန္နဲစေ့များ နူးလာပြီးပါက ဆီပြန်အောင် တည်ပေးပါ
  • ပိန္နဲစေ့ ဆီပြန်ဟင်း ကျက်တာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ သတ်သတ်လွတ် ဟင်းတမယ်ကို သုံးဆောင်ရန် ပြင်ပေးပါ။

No comments:

Post a Comment