Friday 28 October 2016

ဂုံးသုပ်






ဒီနေ့တော့ ပင်လယ်စာ တခုဖြစ်တဲ့ ဂုံးကိုသုပ်ပါမယ် ပင်လယ်စာတွေစားဖို့ ပြင်မယ်ဆိုရင် ရိုးရိုးရှင်းရှင်း ဖြစ်တဲ့ နည်းကိုဘဲ အသုံးပြုသင့်ပါတယ်  အချိန်အကြာကြီး ချက်ခြင်း ပြုတ်ခြင်းတို့ကို ရှောင်ရှားရပါတယ် အချို့အချို့သော ပင်လယ်စာတွေဆို မချက်ဘဲ အစိမ်းစားကြတာတွေလဲ တွေ့ရမှာပါ ။

ဒီနေ့တော့ ပင်လယ်စာ တစ်မျိုးဖြစ်တဲ့ ဂုံးကိုသုပ်ပါမယ် ready made အထုတ်ကို သုပ်မှာဖြစ်လို့ ဂုံးအသားကို ရေနွေးပွက်ပွက်ဆူနေတာနဲ့ ၂မိနစ်လောက် စိမ်ပေးပြီးမှ သုပ်ဖို့ပြင်ပါမယ်။

ပါဝင်ပစ္စည်းများ

  1. Mussels (ဂုံး ) - 350 g
  2. ကြက်သွန်နီ - အနေတော်၂ လုံး
  3. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  4. သံပုရာရည် - အချဉ်စားနိုင်သလောက်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း၂ ဇွန်း
  6. အချိုမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  8. ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ရှောက်ရွက် -၂ရွက်

ပြင်ဆင်ပုံ
  • အသင့်ပြုပ်ပြီးသား ဂုံးအသားများကို ဘေးအပေါ်ဖက်မှ အစာအိတ်များ ထုတ်ပေးကာ ဖယ်ထားပါ
  • ဂုံးကောင်မှ မလိုသော အစာအိတ်များ ဖယ်ပြီးပါက ရေနှင့်စင်အောင် ဆေးပေးပါ
  • ရေဆေးထားသော ဂုံးများကို ပွက်ပွက်ဆူနေသော  ရေနွေးဖျောကာ ၂မိနစ်လောက်ရတာနဲ့ အအေးပြန်ခံထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ခပ်ကြမ်းကြမ်းလှီးကာ ရေဆေးထားပါ
  • ရှောက်ရွက်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဇလုံခပ်ကြီးကြီးထဲမှာ ပါဝင်ပစ္စည်း အားလုံးထည့်ပေးကာ ငါးငံပြာရည် သံပုရာရည် အချိုမှုန့် ဆီချက် ငရုတ်သီးမှုန့် ငရုတ်သီးစိမ်း ရှောက်ရွက်တို့ထည့်ကာ  သမအောင် နယ်ပေးပါ
  • အရသာ နယ်ပေးပြီးပါက အရသာမြည်းကာ လိုသလို ပြင်ပေးပြီး ပန်းကန်တခုထဲ ထည့်ပေးကာ ချဉ်ပြီးစပ်မွှေးနေတဲ့ ဂုံးသုပ်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment