ဒီနေ့တော့ ငါးဆုတ်ကြော်ပြီးသားလေးတွေ အဆင်သင့် ရှိတာနဲ့ ဆန်ကြာဇံကို ရေနွေးဖျောပြီး ကြော်ပြီးသား ငါးဖယ်ငါးဆုတ်ကြော်ကို ခပ်ပါးပါးညှပ်ကာ ချဉ်ချဉ် ငံငံ စပ်စပ်လေး သုပ်စားဖြစ်လို့ လွယ်ကူမြန်ဆန်တဲ့ ချဉ်ငံစပ် အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆန်ကြာဇံ အခြောက်- 100 g
- ငါးဖယ်ငါးဆုတ် - ဆယ်ခု
- နံနံပင် - အနည်းငယ်
- ကြက်သွန်နီ - အနည်းငယ်
- ပဲအကျက်မှုန့် - လိုသလောက်
- ငရုတ်သီး အလှော်မှုန့် - လိုသလောက်
- ပုဇွန်ခြောက်မှုန့် - လိုသလောက်
- အရသာမှုန့် - လိုသလောက်
- ငရုတ်သီး ဆီချက် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- မကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်းစာ
- ငံပြာရည် - လိုသလောက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ကြာဇံထဲထည့်ရန်)
- ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး (ဆီနီဆီချက် ချက်ရန်)
- ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
ငရုတ်သီးဆီချက် ချက်ရန်
- ဒယ်အိုးတစ်လုံးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ မီးကိုပိတ်ပလိုက်ပြီးမှ ငရုတ်သီးအရောင်တင်မှုန့်ကို ထည့်မွှေပါ
- ငရုတ်သီးမှုန့်ထည့်ပြီးတာနဲ့ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ထားပါ
ကြာဇံပြုပ်ရန် ပြင်ဆင်ပုံ
- ဇလုံတစ်လုံးထဲမှာ ဆန်ကြာဇံကို ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက် စိမ်ထားပါ
- ရေစိမ်ထားသော ကြာဇံကို ရေများသွန်လိုက်ပြီး ကြာဇံထဲကို နနွင်းမှုန့်ထည့်ပါ
- ပြီးမှ ရေနွေးပွက်ပွက်ဆူအောင်တည်ပြီး ကြာဇံထဲကို လောင်းချပါ
- ရေနွေးကို သုံးမိနစ်လောက်ဘဲ စိမ်ထားပြီး ဇကာထဲ သွန်ချကာ ရေစစ်ထားပါ
ဟင်းခါးချက်ရန်
- ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
- ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
- ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ နှစ်မွှာလောက်ကို မညက်တစ်ညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာ မြည်းပေးကာ မီးနွေးနွေးနဲ့ တည်ထားပါ
ပါဝင်ပစ္စည်းများ
- ကြာဇံပြုပ်ကို ပြင်ထားပါ
- ငါးဖယ်ငဆုတ်ကို ခပ်ပါးပါးလေးတွေ ညှပ်ထားပါ
- နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- မကျည်းသီးမှည့်ကို ရေတထပ်ဆေးပြီး ရေနွေးပူပူ ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲးစာနဲ့ စိမ်ထားပါ
- အသုပ်ထဲထည့်ရန် ပါဝင်ရမည့် ပစ္စည်းများကို အဆင်သင့်ပြင်ထားပါ
အသုပ် တစ်ပွဲစာပြင်ရန်
- ဇလုံတစ်လုံးထဲမှာ ခပ်ပါးပါး ညှပ်ထားသော ငါးဖယ်နှင့် ကြာဇံတို့ကို တစ်ပွဲစာထည့်ပေးပါ
- ငရုတ်သီးဆီချက် ထမင်းစားဇွန်း နှစ်ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် အနည်းငယ် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတရှိ မကျည်းရည် ထမင်းစားဇွန်း တစ်ဇွန်းတို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
- အသုပ်စုံ အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ စားပွဲပြင်ပေးပါ
- ငါးဖယ် ကြာဇံအသုပ်ပွဲ ပြင်ဆင်ပြီးပါက ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ
No comments:
Post a Comment