Friday 7 October 2016

ကြက်ဥ ငါးပိချက်



ဒီနေ့တော့ ဟင်းချက်စရာ စဉ်းစားရတာ ဆံပင်လဲ တော်တော် ဖြူလာပြီမို့လို့ အိမ်မှာရှိတာတွေ မွှေနှောက်ပြီး သီးရွက်စုံ ချဉ်ရည်ဟင်း တစ်မယ်ရယ် ကြက်ဥငါးပိချက်ရယ် ချက်ဖြစ်လို့ကြက်ဥငါးပိချက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ဥ - လေးလုံး
  2. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
  3. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၃လုံး
  4. ငရုတ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း ၃ဇွန်း
  5. ဆီ - ဟင်းခတ်ဇွန်းကြီး တစ်ဇွှန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ

  • ကြက်ဥကို ဇလုံတလုံးထဲ ဖောက်ထည့်ပြီး ခလောက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ပါးပါးလှီးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးကို ဆီထည့်ပြီး အပူပေးပါ
  • အိုးပူလာပါက နနွင်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ
  • ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီးမှုန့်ကို ထည့်ပြီး တမိနစ်လောက် ကြော်လိုက်ပါ
  • ငရုတ်သီးနံ့မွှေးလာပါက ခရမ်းချဉ်သီးကို ကျေသွားအောင် ထည့်မွှေပါ
  • ခရမ်းချဉ်သီးများ ကျေလာတာနဲ့ ခလောက်ထားသော ကြက်ဥ ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ 
  • မကြာမကြာ မွှေပေးပြီး ဆီခြောက်လာတဲ့အထိ ကြော်ပေးပြီး အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • နှစ်သက်ရာ တို့စရာနှင့် ချဉ်ရည်ဟင်းတို့ဖြင့် တွဲဖက်ပြီး စားနိုင်မည့် ကြက်ဥငါးပိချက် စပ်စပ်လေး ရပါပြီ။

No comments:

Post a Comment