Wednesday 28 September 2016

POPPY SEED CAKE








ဒီတစ်ခါတော့ poppy seed ကိတ်မုန့်လေး ဖုတ်ဖြစ်လို့ အိမ်မှာအလွယ်တကူ ပြင်ဆင်ပြီး မုန့်ဖုတ်နိုင်အောင် အိမ်လုပ်ကိတ်မုန့် အလွယ်ကိတ်မုန့်ဖုတ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဂျုံမှုန့် - 140 g 
  2. Poppy seed - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. ထောပတ် -100 g
  4. Baking powder - 2.5 g
  5. ကြက်ဥ - နှစ်လုံး
  6. သကြား - 120 g
  7. နွားနို့ -150 ml
  8. ဆီ - အနည်းငယ် မုန့်ဖုတ်မည်း ဗန်းကိုသုတ်ပေးရန်

ပြင်ဆင်ပုံ
  • ဂျုံမှုန့်နှင့် baking powder ကို ရောမွှေ၍ ဇကာစိတ်စိတ်လေးနှင့် စစ်ထားပါ
  • ဇကာနှင့် ဂျုံစစ်ရာတွင် ဇကာဘေးဘောင်ကို လက်ဖနောင့်လေးနှင့် အသာရိုက်ပြီး  သေသေချာချာ လှုပ်ပေးခြင်းဖြင့် မုန့်သားပွစေရန် အထောက်အကူ ပြုစေပါတယ်
  • ထောပတ်ကို အပူပေးပြီး အရည်ဖျော်ကာ အအေးခံထားပါ
  • သကြားနှင့် ထောပတ်ကို ပွလာစေရန် မွှေတံနှင့်မွှေပေးပါ 
  • မုန့်မွှေသောစက်ရှိပါက စက်နှင့်မွှေပေးပါ
  • ထောပတ်နဲ့သကြား သမသွားပြီဆိုရင် နို့နှင့် ကြက်ဥကို ထည့်ပေးပြီး မွှေပေးပါ
  • ရောထားသော ဂျုံအရောကို ထည့်ပြီး မွှေပေးပါ
  • နောက်ဆုံး ကျန်သောနွားနို့နှင့် ဂျုံ poppy seedတို့ကို မုန့်နှစ်ရအောင် ထည့်မွှေပေးပါ
  • မုန့်ဖုတ်မည့် ဗန်းထဲကို ဆီသုတ်ပေးပါ 
  • ဆီသုတ်ထားသော ဗန်းထဲသို့ မုန့်နှစ်များကို လောင်းထည့်ပေးပြီး မျက်နှာပြင်ညှိပေးပါ
  • Oven ကို၁၈၀ဒီကရီနှင့် မုန့်မဖုတ်ခင် မိနစ်၂၀လောက် ကြိုဖွင့်ထားပါ
  • Oven ပူလာပြီဆိုတာနဲ့ မုန့်နှစ်ထည့်ထားသော ဗန်းကို ovenထဲထည့်ပြီး ၄၅မိနစ်ထည့်ပြီး ဖုတ်ပေးပါ
  • ၄၅မိနစ်ပြည့်ပါက မုန့်သားကျက်မကျက် သိစေရန် အသုံးမပြုရသေးသော ဒုတ်ချွန်လေးနှင့် ထိုးကြည့်ပါ
  • မုန့်နှစ်များ ကပ်မပါလာတော့ဘူးဆိုရင် မုန့်သားကျက်ပြီဖြစ်တဲ့အတွက် poppy seeds cake မုန့် မွှေးမွှေးလေးကို ovenထဲမှ ထုတ်၍အအေးခံကာ နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

2 comments:

  1. တီမာက ဘာလုပ်လုပ် လက်ဖြစ်နေတာပဲ အားကျလိုက်တာ တီမာရယ်..
    သမီးဖြင့်ခုထိ ကိတ်မုန့်ဖုတ်တာမအောင်မြင်သေးဘူးး(

    ReplyDelete
  2. စပြီးလုပ်ရင်တော့ မုန့်က ပျက်တာများတယ် နောက်တော့ ဖြစ်လာမှာနော်

    ReplyDelete