Friday 30 September 2016

ကြက်သား အုန်းနို့အစိမ့်


ကြက်သားကို အရသာ တမျိုးပြောင်းပြီး အုန်းနို့နဲ့ စိမ့်စိမ့်လေးချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား - 500g
  • အုန်းနို့ - 100ml
  • ကြက်သွန်နီ - အလုံးသေး ၇လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဆီ -ထမင်းစားဇွန်း ၇ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးကာ အနေတော် တုံးပေးထားကာ ဆား အချိုမှုန့် နနွင်းမှုန့်တို့နှင့် နယ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးထားပါ
  • အုန်းနို့ကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတလုံးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ အရသာနယ်ထားသော ကြက်သားကို ထည့်ပြီးဆီသတ်ပါ
  • ကြက်သားအရသာနယ်များ ဆီကြွတ်ကြွတ် မြည်လာပါက ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ တည်ပေးပါ
  • ပထမတရည် ခမ်းလာတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီနှင့် အုန်းနို့ကိုထည့်ပြီး ချက်ပေးပါ
  • အုန်းနို့အရည်မခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ အုန်းနို့ဆီပြန်လာတာနဲ့ မီးပိတ်ပေးကာ အုန်းနို့ကြက်သား အစိမ့်ချက်လေးကို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment