Sunday, 25 September 2016

သတ်သတ်လွတ် ထမင်းပေါင်း













ရာသီဥတုလေး ပူလာတော့ မီးဖိုထဲ သိပ်မ၀င်ချင်တာနဲ့ တအိုးထဲနဲ့ ပြီးစေမဲ့ သတ်သတ်လွတ် ထမင်းပေါင်းလေး ချက်ဖြစ်လို့ အလွယ်ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ချက်ပြီးသားထမင်း- ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူးစာ
  • အခက်လေးများပိုင်းဖြတ်ထားသော ပန်းဂေါ်ဖီ - ဟင်းပြင်ပန်းကန်အလတ် တစ်လုံးမောက်မောက်
  • ခပ်ထူထူလှီးထားသော ဂေါ်ဖီ - ဟင်းပြင်ပန်းကန်း တစ်လုံးမောက်မောက်
  • ပန်းပွင့်ပုံစံလှီးထားသော မုံလာဥနီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးမောက်မောက်
  • အနေတော်လှီးထားသော တရုတ်နံနံ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးမောက်မောက်
  • ခပ်စောင်းစောင်းလှီးထားသော ပဲသီး - ဟင်းပြင်ပန်းကန်အသေး တစ်လုံးမောက်မောက်
  • အဖတ်လေးများရအောင်လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်းသာသာ
  • ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ကော်ရည်ဖျော်ရန်
  • ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  • ရေ. - ဟင်းပြင်ပန်းကန်အကြီး တစ်လုံးမရှိတရှိတို့ကို အားလုံးရောပြီးဖျော်ထားပါ
  • ကော်ရည်များများကြိုက်ပါက ရေပိုထဲ့ပြီးဖျော်ပေးပါ
အသီးအရွက်ကြော်နည်းလေး ပြောပါမယ်
  • အသီးအရွက်အားလုံးကို ရေစင်အောင်ဆေးကာ လှီပြီးရေစစ်ထားပါ
  • အိုးအောက်ချေထူသောအိုးကို အပူပေးပါ ပူလာပါကဆီကိုအရင်ထဲ့ပါ
  • ဆီပူလာတာနဲ့ကြက်သွန်ြဖူကို မွှေးလာတဲ့ထိကြော်လိုက်ပါ
  • ကြက်သွန်ဖြူမွှေးလာတာနဲ့ အသီးအရွက်များကို တရုတ်နံနံမှလွဲပြီး အားလုံးထဲ့ကြော်လိုက်ပါ
  • နှစ်မိနစ်လောက်ကြော်ပြီးတာနဲ့ ဖျော်ထားသော ကော်ရည်ကိုလောင်းထဲ့ပါ
  • အရသာမျှတအောင် အားလုံးကို မွှေပေးပြီး အရသာမြည်းပါ ပဲငံပြာရည်ထဲ့ကာ မွှေပေးပါ
  • အရသာကို လိုသလိုပြင်ပေးပြီး တရုတ်နံနံထဲ့ပြီး မွှေပေးပါ
  • ကော်ရည်နည်းပါက ရေထပ်ထဲ့ပြီး မွှေပေးနိုင်ပါတယ်
  • အသီးအရွက်များနူးလွန်းရင် စားလို့မကောင်းတဲ့အတွက် ချက်ချိန် ၃မိနစ်သာသာလောက်ဘဲ ချက်ပေးပြီး မီးပိတ်ပါ
ထမင်းပွဲပြင်ဆင်ပုံ
  • ချက်ပြီးသားထမင်းကို ပန်းကန်တချပ်မှာ ထဲ့ပေးပါ
  • ချက်ပြီးကာစ ပူနေသော ကော်ရည်အသီးအရွက်တို့ကို ထမင်းပေါ်သို့ ဇွန်းမှုတ်နှင့်ခပ်ကာ လောင်းချပေးပြီး ပြင်ပေးပါ
  • ထမင်းပွဲပြင်ပြီးတာနဲ့  နှစ်သက်ရာ အချဉ် အစပ်တို့နှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ

No comments:

Post a Comment