Saturday, 3 September 2016

မုံလာဥနီသုပ် မွှေးမွှေးလေး






တနေ့တနေ့ ဟင်းချက်ရတာ စဉ်းစားမိလေတိုင်း ချာချာလည်အောင် မူးနောက်ခဲ့ရတဲ့ အချိန်တွေအတွက် ဒီနေ့တော့ ကြက်သားလေးကင်ပြီး အသီးအရွက်ယောင်ယောင် မုံလာဥနီသုပ်လေး သုပ်ဖြစ်လို့ လွယ်ကူမြန်ဆန် သုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုံလာဥနီ - ဥကြီးကြီး ၂ဥ
  • ခရမ်းချဉ်သီး - ခပ်ကြီးကြီး တလုံး
  • နှမ်းလှော် - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • ဆား - ထမင်းစားဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၄ပုံတပုံ
  • သံပုရာရည် - ထမင်းစားဇွန်း တဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း တ၀က်သာသာ
ပြင်ဆင်ပုံ
  • မုံလာဥနီကို အခွံခွာပြီး သေးသေးမျှင်မျှင်လေးတွေရအောင် ခြစ်ပေးပါ
  • ခရမ်းချဉ်သီးကို အလုံးလိုက်ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နှမ်းကို မီးအေးအေးနှင့် ရွှေဝါရောင် သန်းလာတဲ့အထိ လှော်ပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းအားလုံးကို ဇလုံထဲထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ စားသုံးရန် ပန်းကန်တခုထဲ ပြောင်းထည့်၍ ပြင်ပေးကာ အသီးအရွက်သုပ် မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment