Sunday 11 September 2016

သရက်သီး ဆားရည်စိမ် ငါးငပိချက်







ထမင်းစားလို့မိန်ဖို့အရေး စဉ်းစားမိတိုင်း ချဉ်ငံစပ်လေးဘဲ အာရုံထဲ ပေါ်လာလေတော့ သရက်သီးဆားရည်စိမ် ပုလင်းလေးဖွင့်လို့ ငါးစင်းကောလေးစင်းကာ ငါးပိချက် စပ်စပ်လေး ချက်မိလေတော့ မာမာချက်တဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဘာဆာငါး - 200 g
  2. သရက်သီးဆားရည်စိမ် - အလုံးကြီးကြီး ၂လုံး
  3. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  5. ငရုတ်သီး လုံးကြမ်းခွဲ - ထမင်းစားဇွန်း ၄ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ဆီ - ဟင်းခတ်ဇွန်းကြီး တစ်ဇွန်း 

ပြင်ဆင်ပုံ
  • အသားလွှာထားသော ဘာဆာငါးကို ခပ်နုတ်နုတ် စင်းပေးထားပါ။
  • သရက်သီး ဆားရည်စိမ်ကို ခပ်သေးသေး မျှင်မျှင်လေးတွေရအောင် လှီးပေးထားပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရဆေးကာ ခပ်ပါးပါး လှီးပေးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာကို ခပ်သေးသေး လှီးပေးထားပါ။
  • ငရုတ်သီးမှုန့် ဆီ ငံပြာရည်နှင့် အချိုမှုန့်တို့ကို ပြင်ထားပါ
ငါးပိချက်ချက်ရန် ပြင်ဆင်ပုံ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့်ထည့်ပေးပါ။
  • ဆီပူလာတာနဲ့ ကြက်သွန်နီကို နွမ်းသွားအောင် ထည့်ကြော်ပေးပါ။
  • ကြက်သွန်နီ နွမ်းလာတာနဲ့ ငရုတ်သီးမှုန့်ကို ထည့်ကြော်ပေးပါ။
  • ငရုတ်သီးနံ့သင်းလာတာနဲ့ စင်းထားသောငါးကို ထည့်မွှေပေးပါ။
  • ငါးထည့်ပြီးတာနဲ့ ငါးများကို လုံးခဲမသွားစေရန်အတွက် ဖိချေပြီး ကျေအောင် မွှေပေးပါ။
  • ငါးအသားများ ကျေလာပြီး မာလာတာနဲ့ဆား ငံပြာရည်နှင့် အချိုမှုန့်ကို ထည့်မွှေပေးပါ။
  • ပြီးတာနဲ့ လှီးထားသော သရက်သီး ဆားရည်စိမ်ကို ထည့်မွှေပေးပြီး ၅မိနစ်လောက် ကြော်ပေးပြီး အရသာ မြည်းပေးပါ။
  • အရသာ မြည်းပြီးတာနဲ့ မီးပိတ်ပေးကာ ကြက်သွန်ဖြူ ထည့်မွှေပေးပြီး ချဉ်ငံစပ်မွှေး သရက်သီးဆားရည်စိမ် ငါးပိချက်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment