Thursday, 15 September 2016

အမဲသားလုံးကြော် မွှေးမွှေးလေး







ဒီနေ့တော့ အိမ်အလုပ် နည်းနည်းများလေတော့ လွယ်ကူမြန်ဆန် အမဲသားလုံးကြော်လေးဘဲ ကြော်လိုက်ပါတော့တယ် မွှေးပြီးစားလို့ကောင်းစေပြီး ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အမဲသားလုံး ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • Beef mince - 500g
  • ကြက်သွန်ဖြူ ထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်းခွဲ
  • ချင်း ထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်းခွဲ
  • ကြက်သွန်နီ လှီးပြီးသား - ထမင်းစားဇွန်း ၇ဇွန်း
  • ကြက်သွန်မိတ် လှီးပြီးသား - ထမင်းစားဇွန်း ၁၀ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • soy sauce - ထမင်းစားဇွန်း တဇွန်းခွဲ
  • ဗီနီကာ - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆီ - လိုသလောက်
ပြင်ဆင်ပုံ
  • beef mince ကို ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပေးပါ
  • ကျန်လိုအပ်သော ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ

ကြော်ရန်ပြင်ဆင်ပုံ

  • ဇလုံတလုံးထဲမှာ ဆီမှလွဲပြီး ပါဝင်ပစ္စည်းအားလုံးကို ထည့်ပေးပါ
  • ပါဝင်ပစ္စည်းများ ထည့်ပြီးတာနဲ့ အရသာကို နှံ့အောင် နယ်ပေးပါ
  • အရသာဝင်အောင် နယ်ပြီးတာနဲ့ အသားများကို အနေတော် လုံးပေးထားပါ
  • ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ အသားလုံးများကို တလုံးခြင်း ထည့်ပြီးကြော်ပေးပါ
  • အမဲသားလုံးကြော်တို့ရဲ့ ထုံးစံအတိုင်း မီးအချိန်အဆ များသွားတဲ့အခါ အရောင်မည်းမည်းကြီး ဖြစ်သွားတတ်ပါတယ် မီးအပူရှိန်ကို ချိန်ဆပြီး ကြော်ပေးပါ
  • ကြော်ထားသော အမဲသားလုံးများ ရွှေအိုရောင် သန်းလာပြီး ကျက်ပြီဆိုပါက ဆယ်ပြီးဆီစစ်ကာ ထမင်းပူပူလေးနှင့် စားသုံးနိုင်ပါပြီ။


No comments:

Post a Comment