Tuesday, 6 September 2016

ချဉ်ငံစပ် ကျွဲကောသီးသုပ်





တခါတရံ အပြင်းပြေလေးဘဲဖြစ်ဖြစ် ခံတွင်းပျက်နေလို့ဘဲဖြစ်ဖြစ် သုပ်စားသင့်တဲ့ အသုပ်လေးပါ လွယ်လွန်းတာကို ဘလော့မှာ ဘာလို့တင်တာလဲလို့ ပြောကြမှာပါ စိတ်ကူးရမှ သုပ်စားနိုင်တဲ့ အသုပ်လေးဖြစ်လို့ တင်လိုက်တာပါ။

ကျွဲကောသီးဆိုရင် ဒီအတိုင်း စားကြတာက များပါတယ် သုပ်စားဖို့ စိတ်ကူးရဖို့ ခဲယဉ်းပါတယ် ဒါကြောင့်မို့လို့ အကြိုက်ခြင်းတူရင် သုပ်စားနိုင်အောင် လွယ်ကူမြန်ဆန် ရိုးရိုးလေး သုပ်ထားတဲ့ ကျွဲကောသီးသုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကျွဲကောသီး - တလုံး
  • ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း ၂ဇွန်းခွဲ
  • ငါးငံပြာရည် - ထမင်းစားဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွှန်း တ၀က်သာသာ သို့မဟုတ်
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တဇွန်း 
ပြင်ဆင်ပုံ
  • ကျွဲကောသီးကို အခွံခွာပြီး အသားနွှင်ပေးပါ
  • ဇလုံတလုံးထဲမှာ ပါဝင်ပစ္စည်းအားလုံးကိုထည့်ပြီး ခပ်ဖွဖွလေး နယ်ပေးပါ
  • နယ်ပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ချိုချဉ်ငံစပ် ကျွဲကောသီးသုပ်လေးကို နှစ်သက်ရာ အချိန်မှာ စားသုံးနိုင်ပါပြီ။
မိမိ သုပ်မည့် ကျွဲကောသီးအလုံး ပမာဏအပေါ်မူတည်ပြီး ထည့်များအစာများကို ချင့်ချိန်ပြီး ထည့်ပေးပါ။

No comments:

Post a Comment