Monday, 26 September 2016

မုန့်​ညှင်းရွက်​ အကြွတ်​​ကြော်​ ကြွတ်ကြွတ်လေး








စားချင်တာက မြက်ကြွတ်ကြော်ပါ မြက်ကြွတ်ရွက် မရှိလေတော့ ကြွတ်ကြွတ်လေးနဲ့ သစ်ရွက်အနံ့လေး ရရင်ပြီးရောဆိုပြီး မုန့်ညှင်းရွက်ကို ခပ်ကြမ်းကြမ်းလှီးကာ ကြော်လိုက်တော့လဲ မြက်ကြွတ်ရွက်ထက် ကောင်းနေတာကြောင့် မြက်ကြွတ်ရွက်အစားထိုး မုန့်ညှင်းရွက် အကြွတ်ကြော်လေး စားချင်တဲ့အခါ ကြော်လို့ရအောင် မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုန့်ညှင်းရွက် - ၁၀ရွက်ခန့်
  • တန်ပူရာမှုန့် - ထမင်းစားဇွန်း မောက်မောက် ၇ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး
  • ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • နှမ်းဖြူ - ထမင်းစားဇွန်း တဇွန်း
  • ရေ - အနည်းငယ်
  • ဆီ - လိုသလောက်
ပြင်ဆင်ပုံ
  • မုန့်ညှင်းရွက်ကို အရိုးများဖယ်ပြီး အရွက်ဘဲယူပြီး ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
  • တန်ပူရာမှုန့်ကို ရေနည်းနည်းခြင်းထည့်ပြီး ပျစ်နေအောင် ဖျော်ထားပါ
  • မုန့်နှစ်ဖျော်ပြီးတာနဲ့ ဆား ငရုတ်ကောင်း နှမ်းတို့ထည့်ကာ ဖျော်ပေးပါ
  • မုန့်နှစ် စစ်ပြီးတာနဲ့ လှီးထားသော မုန့်ညှင်းရွက်နှင့် နယ်ပေးပါ
  • ဇောက်နက်သော အိုးအနေတော်တလုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီအငွေ့တက်လာတာနဲ့ မုန့်ညှင်းရွက်ကို အနေတော်ယူပြီး ဆီအိုးထဲ ထည့်ပေးပါ
  • ဆီအိုးထဲ ထည့်ထည့်ခြင်း အရွက်များ ဘေးသို့ ပြန့်ကျဲသွားနိုင်ပါတယ်
  • ပြန့်ကျဲသွားသော အရွက်များကို ဇွန်းအရှည်ဖြင့် အလယ်ရောက်အောင် ပြန့်စုပေးပါ
  • အကြော်ပုံစံ ခပ်ပြန့်ပြန့် လုံးလုံးလေး ရပြီဆိုရင် အရွက်ကျက်အောင် ထားပေးပါ
  • အရွက်ကျက်ပြီး ကြွတ်ရွလာပြီဆိုတာနဲ့ ဆယ်ပြီးဆီစစ်ပေးထားပါ
  • ဤနည်းအတိုင်း အရွက်များ ကုန်အောင် ကြော်ပေးပါ
  • ဆီစစ်တာနဲ့ နှစ်သက်ရာအချဉ်ဖြင့် စားနိုင်ပါပြီ။

No comments:

Post a Comment