Friday 6 November 2015

ပုဇွန်အသားချဉ်ထည့်နည်း









ဒီနေ့တော့ ပုဇွန်အသားချဉ်လေး လုပ်ဖြစ်လို့ ပြုလုပ်နည်း အဆင့်ဆင့်ကို မျှဝေလိုက်ပါတယ် အရောင်အတွက် food color မသုံးထားလို့ ဖြူနေတယ် ထင်ရပေမဲ့ စားရတဲ့ အရသာကတော့ ပုဇွန်ချဉ် အရသာအတိုင်း ထွက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် - 350 g (အခွံခွာ ခေါင်းဖြုတ် သန့်စင်ပြီးပါက 160 g လောက် ခန့်မှန်ခြေ ကျန်ပါတယ်)
  2. ထမင်း - 200 g (မနက် ပုဇွန်ချဉ်လုပ်မယ်ဆို ညထဲက ချက်ထားပါ)
  3. ဆားကြမ်း - 50 g (အငံမကြိုက်လျှင် 40 g လောက်ဘဲ ထည့်ပေးပါ)

ပြင်ဆင်ပုံ
  1. ပုဇွန်ထုတ်ကို အကောင်လိုက်ကို ရေဆေးပြီး ခေါင်းနှင့်အခွံများ ခွာပေးပါ
  2. ကြောဘက်မှခွဲပြီး အမည်းကြောင်းထုတ်က အဆီလုံးဝ မပါစေရန် ရေနှင့်ထပ်ဆေးပေးပါ
  3. ရေဆေးပြီ ပုဇွန်များကို ရေခြောက်သွားအောင် paper towel နှင့် ဖိဖိပြီး သုတ်ပေးပါ
  4. ရေခြောက်တာနဲ့ စဥ့်နီတုံး သန့်သန့်ပေါ်မှာ ပုဇွန်များကို နုတ်နုတ်စင်းပေးပါ
  5. စင်းပြီးတာနဲ့ လက်ကို သန့်အောင်ရေဆေးပြီး ရေအခြောက်ခံကာ ပုဇွန်နှင့်ဆားကို နယ်ပေးပါ
  6. ဆားနှင့်နယ်ပြီးတာနဲ့ ထမင်းနှင့် ရောနယ်ပေးပါ
  7. ထမင်းနှင့် နယ်ပြီးတာနဲ့ ငှက်ပျောရွက်ရှိရင် ငှက်ပျောရွက်နှင့် ကျစ်နေအောင် ထုတ်ပြီး သရည်ကွင်းနှင့် အထပ်ထပ် စည်းပေးပြီး အပေါ်ကနေ အလေးတစ်ခုခုနှင့် ဖိပေးထားပါ
  8. ငှက်ပျောရွက် မရှိပါက  clean warp နှင့် ၅ထပ်လောက် ကျစ်နေအောင် ထုတ်ပေးပါ
  9. ထုတ်ပြီးတာနဲ့ ဒုတ်ချွန်ချွန်သေးသေးလေးဖြင့် အပေါက်လေးများ လိုက်ထိုးဖောက်ပေးပါ သွားကြားထိုးတံဆို ပိုကောင်းပါတယ်
  10. အားလုံး အဆင်သင့် ဖြစ်တာနဲ့ ပန်းကန်ပြား သန့်သန့်တစ်ချပ်ပေါ်မှာ ထုတ်ထားသော ပုဇွန်အသားထုတ်ကိုတင်ပြီး အပေါ်မှ အရမ်းလေးသော ပစ္စည်းတစ်ခုခုနှင့် ဖိထားပါ
  11. ဖိထားစဉ် အရည်များ ထွက်လာပါက သတိထားပြီး သွန်သွန်ပေးပါ
  12. ရာသီဥတု ပူပါက သုံးရက်မှ လေးရက်အတွင် ချဉ်လာတာနဲ့ ပုဇွန်ချဉ်ကို မိမိနှစ်သက်သလို ပြင်ဆင်ပြီး စားလို့ရပါပြီ။
  13. ပုဇွန်အကောင်ချဉ် သုပ်နည်းလေးကိုတော့ တစ်ခါတင်ဖူးပါတယ်။

1 comment: