Thursday, 26 November 2015

ဆိတ်သား ဒံပေါက်




အခုတခါ ဆိတ်သားနဲ့ ဒံပေါက် ချက်စားဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ် ဟင်းထဲကိုထည့်တဲ့ အစာတွေကတော့ အရင်ကြက်သားနဲ့ချက်သလိုဘဲ ထည့်တဲ့ ပစ္စည်းများအတူတူပါဘဲ ဆိတ်သားက ကြက်သားလို မနူးလွယ်တဲ့အတွက် ဟင်းချက်ပြီးမှ ထမင်းထည့်ကာ ချက်ထားမို့ ချက်နည်းလေး နည်းနည်းကွာပါတယ်။

ဒံပေါက် ၃ပွဲစာ ပါဝင်ပစ္စည်းများ

ဆိတ်သား 500g အတွက် အရသာနယ်ရန်



  • လေးညှင်း -၂ခု
  • ကရဝေးရွက် - ၂ရွက် 
  • ဖာလာစေ့ - ၃စေ့
  • ထောင်းထားသော ဂျင်း - လက်ဖက်ရည်ဇွန်း တဇွန်း
  • ထောင်းထားသော ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၃မွှာ 
  • ထောင်းထားသော နံနံစေ့ - ၁၀စေ့ခန့်
  • ထောင်းထားသော ဇီယာစေ့ - ၁၀စေ့ခန့် 
  • ဒိန်ချဉ် ထမင်းစားဇွန်း - ၃ဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • သစ်ဂျပိုးခေါက် - တလက်မလောက် တချောင်း
  • ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ပါးပါးလှီးထားသော - ပူစီနံ ထမင်းစားဇွန်း တဇွန်းခွဲ
  • ပါးပါးလှီးထားသော နံနံပင် - ထမင်းစားဇွန်း တဇွန်းခွဲ
  • သံပုရာရည် - ထမင်းစားဇွန်း တဇွန်
  • ကြော်ပြီး ဆီစစ်ထားသော ကြက်သွန်နီဆီချက်အဖတ် - ထမင်းစားဇွန်း ၅ဇွန်း
    • အားလုံးကို ရောနယ်ပြီး ရေခဲသေတ္တာထဲမှာ တညသိပ်နှပ်ပေးပါ (သို့မဟုတ် )၄နာရီခန့် နှပ်ထားပေးပါ 

ထမင်းချက်ရန် လိုသောပစ္စည်းများ  
  • Basmati ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  • ရေ - 1.7 Lခန့်
  • ghee ထောပါတ် - ထမင်းစားဇွန်း တဇွန်း
  • ကရဝေးရွက် - ၂ရွက်
  • ဖာလာစေ့ - ၂စေ့
  • လေးညှင်း - ၃ပွင့်
  • ငရုတ်ကောင်း - ၃စေ့
  • ဆား - လက်ဖက်ရည်ဇွန်း ၃ဇွန်း

ထမင်းချက်ရန် ပြင်ဆင်ပုံ
  • ဆန်ကို ရေဆေးပြီး ရေနာရီဝက်လောက် စိမ်ထားပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ရေကိုဆူအောင်တည်ပြီး ဆား ထောပတ် ကရဝေးရွက် ဖာလာစေ့ ငရုတ်ကောင်းစေ့တို့ထည့်ပြီး တမိနစ်လောက် ဆူအောင်ထားပါ
  • တမိနစ်ပြည့်တာနဲ့ဆန်ထည့်ကာ မီးအားပြင်ပြင်းနဲ့ ဆူအောင် ဆက်တည်ပါ
  • ဆန်တ၀က်ကျက်ဖို့ ငါးမိနစ်လောက်တည်ပြီးတာနဲ့ အပေါက်စိတ်သော ဇကာထဲ သွန်ချပြီး ရေစစ်ထားပါ
ဆိတ်သားချက်ရန် ပြင်ဆင်ပုံ
  • အရသာနယ်ထားသော ဆိတ်သား
  • ဆီ ထမင်းစားဇွန်း ၁၅ဇွန်း
  • ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ အရသာနယ်ထားသော ဆိတ်သားကိုထည့်ပြီး ဆီသတ်ပါ
  • အသားများ အရောင်ပြောင်းပြီး မာလာပါက ရေမြုပ်အောင်ထည့်ပြီး အသားနူးအောင် တည်ပေးပါ
  • အသားနူးပြီး ဆီကျန်ရေကျန်ချိန်လေးမှာ တ၀က်ကျက်အောင် ချက်ထားသော ထမင်းနှင့် ဒံပေါက်ဖောက်ရန် အနေတော် ဖြစ်ပါပြီ

ဒံပေါက်ချက်ရန် လိုအပ်သောပစ္စည်းများ
  • ရေစစ်ထားသော တ၀က်ကျက်ထားသည့် ထမင်း
  • အသားနူးလောက်နီးပါး ချက်ထားသော ဆိတ်သား
  • food colour အ၀ါရောင် လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး
  • ဆီ ထမင်းစားဇွန်း ၃ဇွန်း
  • စပျစ်သီးခြောက် အနည်းငယ်
  • နွားနို့ ထမင်းစားဇွန်း ၂ဇွန်း




    ပင်ဆင်ပုံ
  • အောက်ခြေမကပ်ဘဲ အိုးဖင်ထူသော အိုးကို အပူပေးပြီး ချက်ထားသော ဆိတ်သားကိုထည့်ပါ
  • ပြီးလျှင် ထိုဟင်းပေါ်မှာ တ၀က်ကျက်အောင် ချက်ထားထားသော ထမင်းများကို အနည်းငယ်ချန်ကာ  ဖြန့်ပြီးထည့်ပေးပါ 
  • ထမင်းအပေါ်မှာ နွားနို့ကို ဖြန့်ပြီး ဆမ်းထည့်၍ စပျစ်သီးခြောက်ထည့်ပြီး ထမင်းအနည်းငယ် ဖြန့်ခင်းပေးပါ
  • ပြီးတာနဲ့ အနည်းငယ် ချန်ထားသော ထမင်းကို ဖြန့်ခင်းကာ ရေထမင်းစားဇွန်း ၃ဇွန်းနှင့် food colur အ၀ါရောင် လက်ဖက်ရည် ဇွန်းဖျားလောက်ကို ရောမွှေပေးပြီး ထမင်းပေါ်မှာ ဖြန့်ပြီးဆမ်းပေးပါ
  • ပြီးတာနဲ့ လေလုံအောင် foil ပါတ်ဖုံးပြီး အိုးအဖုံးဖုံးပေးပါ
  • မီးအားပြင်းပြင်းနဲ့ အပူပေးထားသော ဒယ်ပြားပေါ်မှာ ထမင်းအိုးကိုတင်ပြီး ၅မိနစ်လောက် နှပ်ပေးပါ
  • ပြီးတာနဲ့ မီးကို နံပါတ် ၂လောက်ထိလျှော့ပြီး နာရီဝက်လောက် ဆက်ပြီးနှပ်ထားပေးပါ
  • နာရီဝက်ပြည့်တာနဲ့ မီးပိတ်ပြီး ၁၅မိနစ်လောက် မီးဖိုပေါ်မှာ ဆက်နှပ်ထားပြီးမှ စားသုံးရန် ပြင်ဆင်ပါ


    ပြင်ဆင်တဲ့အခါ ထမင်းကို ခပ်ဖွဖွယူပြီးမှ  ဆိတ်သားကို ယူကာ စားပွဲကို ပြင်ပေးပါ
    ဆိတ်သား ချက်ရာမှာလဲ မာမာက ၄နာရီလောက်ဘဲ နှပ်ပြီး ချက်ထားပါတယ်
    ညသိပ်မနှပ်ပါ
    ဤနည်းအတိုင်း သိုးသား အမဲသားတို့နှင့် ချက်နိုင်ပါတယ်။



No comments:

Post a Comment