Wednesday, 4 November 2015

ကြက်သားစဉ်းကော ကြက်သွန်ဖြူမိတ်ကြော်



ကြက်သားကို အမျိုးမျိုး ချက်စားဖြစ်တဲ့ အထဲက ဒီတခါ ကြက်သားကို ခပ်ကြမ်းကြမ်းစဉ်းပြီး ကြက်သွန်ဖြူမိတ်နဲ့ကြော်ဖြစ်လို့ စားကောင်းလွန်းတဲ့အတွက် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား - 250g
  • ကြက်သွန်ဖြူမိတ် - အပင် ၂၀ခန့်
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ချင်း - လက်တဆစ်ခန့် တပြား
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ပဲငံပြာရည်အပြစ် - ထမင်းစားဇွန်း တဇွန်း

ပြင်ဆင်ပုံ

  1. ကြက်သားကို ရေဆေးပြီး အရမ်းမညက်စေဘဲ ခပ်ကြမ်းကြမ်း နုတ်နုတ်စဉ်းပါ
  2. စဉ်းထားသော ကြက်သားကို ဇလုံတလုံးထဲထည့်ကာ ဆား အချိုမှုန့် နနွင်းမှုန့်တို့နဲ့ အရသာဝင်အောင် နယ်ထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပေးထားပါ
  4. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ အကွင်းလိုက် လှီးထားပါ
  5. ချင်းကို အခွံခွာပြီး ခပ်ပါးပါး သေးသေး ရှည်ရှည်လေးတွေ လှီးထားပေးပါ
  6. ကြက်သွန်ဖြူမိတ်ကို အပင်လိုက်ရေဆေးပြီး တလက်မလောက် အရှည်လေးတွေ လှီးထားပါ
ချက်ပြုပ်ပုံ
  • အားလုံးလုံး အဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးထဲဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ အရသာနယ်ထားသော ကြက်သားကို ထည့်မွှေပါ
  • ကြက်သား မာလာတာနဲ့ ရေအနည်းငယ်ထည့်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ
  • ရေခမ်းတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို နွမ်းတဲ့အထိ ရောပြီးကြော်ပေးပါ
  • ကြက်သွန်များ နွမ်းပြီဆိုတာနဲ့ ပဲငံပြာရည်ထည့်မွှေပြီး ကြက်သွန်ုဖြူမိတ် ထည့်မွှေကာ မိနစ်ဝက်လောက် မွှေပြီးတာနဲ့ အရသာမြည်းပြီး သုံးဆောင်နိုင်ပါပြီ။


No comments:

Post a Comment