Monday, 2 November 2015

ဝက်သားလုံး ဆီချက်




ဝက်သားလုံး ဆီချက်လေး လုပ်စားဖြစ်လို့ အိမ်မှာ လုပ်စားတဲ့နည်းလေး မျှဝေလိုက်ပါတယ် ကြာဇံတွေ ခေါက်ဆွဲတွေနဲ့ လုပ်စားရတာ ရိုးလာတော့ အသားဘက်လေး လှည့်ပြီး လုပ်စားလိုက်တာ အရမ်းကိုကောင်းလို့ လုပ်စားကြည့်စေချင်ပါတယ်။

လိုအပ်သော ပစ္စည်းများ

  • ၀က်သားကြိတ်ပြီးသား - 350g
  • ပြောင်းကော်မှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  • နှမ်းဖြူ - ထမင်းစားဇွန် သုံးဇွန်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၅မွှာ
  • ကင်းမွန်ငံပြာရည် - လဖက်ရည် အကြမ်းပန်းကန် တလုံး
  • မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တဗူး
  • ကြက်သွန်မိတ် - အနည်းငယ်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် - လိုသလောက်


ဝက်သားအရသာနယ်ရန်

  • ၀က်သားကို ဆားလက်ဖက်ရည်ဇွန်း တ၀က် 
  • ပြောင်းကော်မှုန့် ထမင်းစားဇွန်း တဇွန်း
  • ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်တို့နှင့် ရောပြီးနယ်ထားပေးပါ


ကြက်သွန်ဖြူနှင့် နှမ်းကြော်ရန်

  • ကြက်သွန်ဖြူ အမွှာကြီးကြီး ၁၅မွှာလောက်ကို မညက်တညက်ထောင်းထားပါ
  • ဒယ်အိုးထဲမှာ ဆီကိုထည့်ပြီး ဆီပူလာတာနဲ့ ကြက်သွန်ဖြူထောင်းကို ထည့်ကြော်ပါ
  • ကြော်နေစဉ် အဆက်မပြတ်မွှေပေးပြီး ရွှေဝါရောင်သန်းလာတာနဲ့ ကြက်သွန်ကြော်များကို ဆယ်ပြီးအအေးခံထားပါ
  • ကြက်သွန်ကြော်ထားသော ဆီပူပူထဲကို နှမ်းများထည့်ပြီး ကြော်ပေးပါ
  • နှမ်းစေ့ထည့်ပြီး မိနစ်ဝက်လောက်နေတာနဲ့ မီးပိတ်ပြီး လက်ကျန်ဆီ အပူရှိန်နဲ့ နှမ်းကို မွှေးလာတဲ့ထိကြော်ပြီး အအေးခံထားပါ


ဝက်သားလုံး ပြုပ်ရန်

  • ၀က်သားကြိတ်သားကို ပြောင်းကော်မှုန့် ကြက်သားမှုန့် ဆားနှင့်နယ်ကာ ကွမ်းသီးဆံ အလုံးလောက်လေးတွေ လုံးထားပါ
  • ရေ 4cupsကို ဆူအောင်တည်ပြီး ရေပွက်ပွက်ဆူလာတာနဲ့ ၀က်သားလုံးများကို ထည့်ပြုပ်ပေးပါ 
  • ၄မိနစ်လောက်ပြုပ်ပေးပြီး ဆယ်ကာ ရေစစ်ထားပါ   
  • ၀က်သားလုံး အေးသွားပါက ခပ်သေးသေးလေးတွေ လှီးထားပါ၂မိနစ်နေရင်
  • မြေပဲကိုလှော်ပြီး အခွံချွတ်ကာ မညက်တညက် ထောင်းထားပါ
  • ကြက်သွန်ဖြူကြော် နှမ်း ကြော်ပြီးသားကို ပြင်ထားပါကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေးလှီးထားပါငံပြာရည်နှင့် အရသာမှုန့်ကို အဆင်သင့်ပြင်ထားပါ


တပွဲစာပြင်ပါမယ်

  1. လှီးထားသော ၀က်သားလုံးများကို တပွဲစာယူပြီး ဇကာထဲထည့်ကာ ရေနွေးထဲ ခနလေးစိမ်ပြီး ပြန်ဆည်ကာ ရေစစ်ပြီး ပန်းကန်ထဲထည့်ပေးပါ
  2. ၀က်သားလုံး ထည့်ထားသော ပန်းကန်ထဲသို့ အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က် မြေပဲမှုန့် ထမင်းစားဇွန်း တဇွန်း နှမ်းဆီချက် ထမင်းစားဇွန်း ၂ဇွန်းခွဲ ငံပြာရည် လက်ဖက်ရည်ဇွန်း တ၀က်သာသာ ကြက်သွန်ဖြူဆီချက်အဖတ် နှစ်သက်သလောက် ကြက်သွန်မိတ် နှစ်သက်သလောက်ထည့်ပြီး အရသာနယ်ကာ လိုသလိုပြင်ပြီး နှစ်သက်ရာ အချဉ်တို့နှင့် တွဲဘက်ပြီး စားနိုင်ပါပြီ။





No comments:

Post a Comment