Wednesday, 11 November 2015

ဆိတ်သားကြော် မွမွလေး


ဆိတ်သားကြော် မွမွလေး စားချင်တာနဲ့ ဈေးအင်မတန်ကြီးတဲ့ ဆိတ်သားကို အရသာနယ်ကာ အခြောက်လှန်းပြီး ကြော်ထားလို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆိတ်သား အသားအမြှောင်း အကောင်းဆုံးအတုံး - 1kg
  • ချင်း - ခပ်ပါးပါး ၂ပြားထောင်းထားပါ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • သံပုရာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် နှစ်လုံး
ပြင်ဆင်ပုံ
  • ဆိတ်သားကို အတုံးလိုက် ရေဆေးပြီး ရေစင်အောင်သုတ်ကာ လက်၂လုံးစာလောက် အရှည်အမြှောင်းလေးများ တုံးထားပေးပါ
  • တုံးထားသော ဆိတ်သားများကို  ကြက်သားမှုန့် နနွင်း ချင်း သံပုရာရည်တို့နှင့် နယ်ထားပြီး ရေခဲသေတ္တာ အောက်ထပ်ထဲမှာ တညလောက် ထားပေးပါ 
  • ညသိပ်မထားဘဲ ချက်ခြင်းနေလှန်းလဲ ရပါတယ်
  • ဆိတ်သားကို ဇေကာတချပ်ထဲမှာ ဖြန့်ထည့်ပြီး နေပူပူမှာ လှန်းပေးပါ
  • ပထမ တရက်လှန်းထားစဉ် နေ့လည်လောက်မှာ နောက်တဖက်ကို လှန်ပြီး ဆက်လှန်းပေးပါ
  • နောက်နေ့ နေ့တ၀က်လောက်လှန်းပြီး ကြော်လို့ရပါပြီ
  • ဆီကိုအပူပေးပါ ဆီပူလာက မီးကို အနည်းငယ်လျော့ပြီးမှ ဆိတ်သားခြောက်ကို ထည့်ကြော်ပါ
  • တဖက်က ရွှေဝါရောင်သန်းလာပါက နောက်တဖက်ကို လှန်ပြီးကြော်ပေးပါ
  • ကျန်တဲ့တဖက်လဲ ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ကြွတ်ကြွတ်မွမွလေးနဲ့ အရသာရှိတဲ့ ဆိတ်သားကြော်လေးရပါပြီ။
  • ဤနည်းအတိုင်း သိုးသား အမဲသားတို့ကို ကြော်နိုင်ပါတယ်။

No comments:

Post a Comment