Wednesday 11 November 2015

ငါး သီးစုံချိုချဉ်ကြော်


ဒီနေ့တော့ ထမင်းစားလို့ မြိန်စေမဲ့ ကြက်သားအစား ငါးကိုအစားထိုးပြီး ကြော်ထားတဲ့ ငါးသီးစုံ ချိုချဉ်ကြော်နည်းလေးကို ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဘာဆာငါး - 150 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ပန်းဂေါ်ဖီ - ဆယ်ခက်
  5. ခရမ်းချဉ်သီး - ခပ်ကြီးကြီး တစ်လုံး
  6. မုံလာဥနီ - အနေတော် တစ်ဥ
  7. ပဲသီး - သုံးတောင့်
  8. တရုတ်နံနံ - နှစ်ပင်
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  10. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  11. တန်ပူရာမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ချယ်ရီ ခရမ်းချဉ်သီး - ငါးလုံး
  13. ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း နှစ်ဇွန်း
  14. ဆီ - ထမင်းစားဇွန်း သုံးဇွန်း (ချိုချဉ်ကြော်ရန် )
  15. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးခွဲ ( ငါးကြော်ရန် )

ငါးအရသာနယ်ရန်
  1. ငါးကိုရဆေးပြီး ရေခြောက်အောင်လုပ်ကာ ခပ်ပါးပါး လှီးထားပါ
  2. ဇလုံတစ်လုံးထဲမှာ ငါးကို တန်ပူရာမှုန့် ထမင်းစားဇွန်း တစ်ဇွန်း ရေအနည်းငယ်နှင့် ခပ်ပြစ်ပြစ်ဖျော်ပြီး နယ်ထားပါ
  3. ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  4. ဆီပူလာတာနဲ့ ငါးကို ဇွန်းနှင့်ခပ်ပြီး တစ်တုံးခြင်း အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  5. ငါးကြော်လေးများ ရွှေဝါရောင် သန်းလာလျှင် ဆယ်ပြီးဆီစစ်ပေးပါ
ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ အတုံးလေးများရအောင် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးကာ အနေတော် လှီးထားပါ
  •  ခရမ်းချဉ်သီးကို ရေဆေးပြီး လေးစိတ်စိတ်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အရှည်လိုက် လှီးထားပါ
  • ပဲသီးကို ရေဆေးပြီး အနေတော် လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး တစ်လက်မစီလောက် လှီးထားပါ
  • လိုအပ်သော အသီးအရွက်များ အသားများကို အဆင်သင့်ဖြစ်အောင် ပြင်ထားပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အ့ပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို မိနစ်ဝက်လောက်ကြော်ပေးပါ
  • မိနစ်ဝက်ပြည့်တာနဲ့ ပန်းဂေါ်ဖီ မုံလာဥနီ နှင့်ပဲသီးတို့ကို ထည့်ပြီး တစ်မိနစ်လောက် ကြော်ပေးပါ
  • တစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ကြော်ထားသောငါး ဆား သကြား ခရမ်းချဉ်သီးဆော့တို့ထည့်ပြီး ကြော်ပေးပါ
  • ကြော်ချိန် တစ်မိနစ်လောက် ရပြီဆိုတာနဲ့ခရမ်းချဉ်သီးနှင့် တရုတ်နံနံတို့ ထည့်မွှေပေးပြီး ချိုချိုချဉ်ချဉ် အစိမ်းကြော်လေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment