Tuesday, 24 November 2015

ပင်လယ်စာ ချဉ်ငံစပ်အသုပ်



အခုရက်ထဲ စားဖြစ်နေတဲ့ ပင်လယ်စာလေးတွေထဲက ဒီနေ့တော့ ချဉ်ငံစပ်လေး သုပ်ဖြစ်လို့ သုပ်နည်းလေး မျှဝေလိုက်ပါတယ် ပင်လယ်စာတို့သဘာဝ အစုံပါတဲ့အတွက် တချို့က အနံ့ကို မကြိုက်ကြပါဘူး မာမာကိုယ်တိုင်လဲ အနံ့ရရင် မကြိုက်လို့ ပင်လယ်စာအစုံရဲ့ အနံ့ပျောက်အောင် ကြက်သွန်ဖြူ စပါးလင် ချင်းတို့နဲ့ သေသေချာချာ ပြုပ်ပြီးမှ သုပ်ထားတာမို့ ပြုပ်နည်း သုပ်နည်းလေး မျှဝေလိုက်ပါတယ်။


တပွဲစာ ပါဝင်ပစ္စည်းများ

ပင်လယ်စာအစုံ ပြုပ်ရန်

  • ပင်လယ်စာအစုံ - 350g
  • ချင်း - ခပ်ပါးပါး ၃ပြား (အခွံခွာပြီး လှီးထားပါ)
  • စပါးလင် - တပင် တလက်မသာသာ (လှီးပြီး ထုထားပါ)
  • ကြက်သွန်ဖြူ - ၃မွှာ (အခွံခွာပြီး ဓါးပြားရိုက်ထားပါ)
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရင်ဆုံး ဇောက်နက်သော အိုးထဲမှာ ရေ တရုတ်ဟင်းရေသောက်ပန်းကန်လုံး ၂လုံးစာနှင့် စပါးလင် ချင် ကြက်သွန်ဖြူ ဆားတို့ထည့်ပြီး ရေဆူအောငိည်ပါ
  • ရေကို ၁၅မိနစ်လောက်ပေးဆူစေပြီးမှ ပင်လယ်စာများကို ထည့်ပေးပါ
  • ရေပွက်ပွက် ၄မိနစ်လောက် ဆူပြီးတာနဲ့ ဇကာတခုထဲသွန်ချပြီး စပါးလင် ချင်း ကြက်သွန်ဖြူတို့ကို ဖယ်ထားပါ

အသုပ်သုပ်ရန် လိုအပ်သောပစ္စည်းများ
  • ကြက်သွန်နီ - ဥကြီးကြီး တဥ (ပါးပါးလှီးပါပြီး ရေဆေးကာ စစ်ထားပေးပါ)
  • ခရမ်းချဉ်သီး  - အနေတော် ၃လုံး (ပါးပါးလှီးထားပါ)
  • ငရုတ်သီးစိမ်း - ၃တောင့် ( ပါးပါးလှီးထားပါ)
  • နံနံပင် - နှစ်သက်သလောက် (အနေတော် လှီးထားပါ)
  • ငါးငံပြာရည် - ထမ်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တ၀က်သာသာ
  • ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း တဇွန်းခွဲ 
  • သံပုရာသီး - တစိတ်


ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တလုံးထဲမှာ ပြုပ်ထားသော ပင်လယ်စာများ ကြက်သွန်နီ ငရုတ်သီးအလှော်မှုန့် ငရုတ်သီးစိမ်း  ငံပြာရည် ဟင်းချိုမှုန့် ဆီချက် ခရမ်းချဉ်သီး နံနံပင်တို့နှင့်အတူ သံပုရာရည်ညှစ်ပြီး ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • နယ်ပြီးပါက အရသာမြည်းပြီး  လိုသလိုပြင်ကာ ချဉ်ငံစပ် ပင်လယ်စာ အစုံသုပ်မွှေးမွှေးလေးကို နှစ်သက်သလို စားသုံးနိုင်ပါပြီ

No comments:

Post a Comment