Thursday, 5 November 2015

ချဉ်ငံစပ် ခေါက်ဆွဲသုပ်




ပါဝင်ပစ္စည်းများ

  • ကြော်ပြီး ခပ်ထူထူ ညှပ်ထားသော ငါးဖယ်ငါးဆုတ် - ၅ခု
  • ပါးပါးလှီးပြီး ရေဆေးထားသော ဂေါ်ဖီ - ဟင်းပြင်ပန်းကန် အသေး တစ်လုံးစာ
  • ပါးပါးလှီးပြီး ရေဆေးထားသော ကြက်သွန်နီ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးစာ
  • ပြုပ်ပြီးရေစစ်ထားသော ခေါက်ဆွဲ - 150g
  • ပဲအကျက်မှုန့် - လိုသလောက်
  • ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  • အရသာမှုန့် - လိုသလောက်
  • ကြက်သွန်ဖြူ ငရုတ်သီး ဆီချက် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  • မကျည်းသီးအမှည့် - ကွမ်းသီးဆံလုံး ၂လုံးစာ
  • ငံပြာရည် - လိုသလောက်
  • နံနံပင် - လိုသလောက်
  • ကြက်ဥ - သုံးလုံး ပြုပ်ပြီး အခွံခွာထားပါ
  • အကြွတ်ကြော် - လိုသလောက် ပြင်ထားပါ

အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ
  • ဆီချက်
  • ငံပြာရည်
  • ပုဇွန်ခြောက်မှုန့်
  • ပဲအကျက်မှုန့်
  • ငရုတ်သီး အလှော်မှုန့်
  • ကြက်သားမှုန့်
  • မကျည်းသီးမှည့်
  • ကြက်ဥ
  • အကြွတ်ကြော်

ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာမြည်းပါ
တပွဲစာပြင်ရန်
  • ဇလုံတလုံးထဲမှာ ခေါက်ဆွဲ ဂေါ်ဖီ  ကြက်သွန်နီတို့ထည့်ပါ
  • ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ မကျည်းရည် ထမင်းစားဇွန်း တ၀က်သာသာတို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • စားပွဲပြင်ပြီးတာနဲ့ ကြက်ဥ အကြွတ်ကြော်တို့ ထည့်ပေးပါ
  • အသုပ်ပွဲ ပြင်ဆင်ပြီးပါက ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ

No comments:

Post a Comment