Sunday, 29 November 2015

ကြက်သား ပျားရည်ကြော်


ကြက်သားနဲ့ပျားရည်ကြော်ရတာ စားလို့ကောင်းသလောက် ကြော်ရတာတော့ နည်းနည်းလေး လက်ဝင်ပါတယ် မီးအချိန်အစ တော်တော်လေး သတိထားရပြီး မီးများတာနဲ့ ပျားရည်အချိုအရသာကြောင့် မည်းမည်းကြီး ဖြစ်သွားတတ်ပါတယ်။

မီးနည်းလွန်းရင်လဲ တော်တော်နဲ့အတွင်းသားက မကျက်နိုင်ပြန်ပါဘူး ဒါကြောင့်မို့ မာမာကြော်တဲ့နည်းကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်ရင်းသား - ၄တုံး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ပျားရည် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးခွဲ
ကြက်သားအရသာနယ်ရန်
  1. ကြက်သားကို ရေဆေးပြီး ရေခြောက်အောင် paper towel နှင့် ခြောက်အောင် သုပ်ပါ
  2. နနွင်းမှုန့် ဆား ပျားရည်တို့နှင့် အရသာဝင်အောင် ဆုပ်ဆုပ်နယ်ပေးပါ
  3. ရေခဲသေတ္တာ အောက်ထပ်မှာ တည သို့မဟုတ် ၅နာရီလောက် ထားပေးပါ
  4. ရေခဲသေတ္တာထဲမှာ မထားချင်လဲ ချက်ခြင်းကြော်နိုင်ပါတယ်
ပြင်ဆင်ပုံ
  • ဆီကို မီးအားပြင်းပြင်းနဲ့ အပူပေးလိုက်ပါ
  • ဆီအငွေ့တက်လာတာနဲ့ မီးကို အလယ်လောက်ထိလျှော့ပြီး အငွေ့ငြိမ်အောင် ထားလိုက်ပါ
  • ဆီအငွေ့ငြိမ်တော့မှ ကြက်သားကို တတုံးခြင်း ဆန့်သလောက် ထည့်ကြော်ပါ
  • အရည်ခွံများ မည်းမသွားစေရန် မကြာမကြာ လှန်လှန်ပေးပြီး တဖက်ကို ၃မိနစ်လောက်ဘဲ ကြော်ပေးပါ
  • ပြီးတာနဲ့ ဆယ်ပြီး ဆီစစ်ကာ မိုက်ခရိုဝေ့ထဲမှာ တမိနစ်ဆီ ၂ခါ ၃ခါလောက် ဟိုဘက်ဒီဘက်လှန်ပေးပြီး ထည့်ပေးပါ
  • ပြီးတာနဲ့ ထမင်းပူပူလေးနှင့် တွဲပြီး စားနိုင်တဲ့ ကြက်သားပျားရည်ကြော် မွှေးမွှေးလေး ရပါပြီ။

No comments:

Post a Comment